ညာခြေချင်းဝတ် ဒဏ်ရာကြောင့် အုပ်စုပွဲ ၂ ပွဲဆက် နားရတော့မယ့် နေမာ

//s9.kh1.co/62/62e0ab86f7cdc50dc829c3a621c5e7213e5503cb.png
အားကစားသတင်းများ

 ၂၆-နို-၂၀၂၂ ၁pm · လွန်ခဲ့သော တစ်နှစ် က

ညာခြေချင်းဝတ် ဒဏ်ရာကြောင့် အုပ်စုပွဲ ၂ ပွဲဆက် နားရတော့မယ့် နေမာ

ကာတာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (G) က ဘရာဇီး အသင်း တိုက်စစ်မှူး နေမာဟာ ညာခြေချင်းဝတ် ဒဏ်ရာကြောင့် ကျန်ရှိနေသေးတဲ့ အုပ်စုပွဲ ၂ ပွဲကို လက်လွှတ်ရတော့မယ်လို ကြားသိရပါတယ်။ တိုက်စစ်မှူး နေမာဟာ ကြာသပတေးနေ့က ယှဥ်ပြိုင်ကစားခဲ့တဲ့ ဆားဗီးယားအသင်းကို အနိုင်ရရှိတဲ့ ပွဲစဥ်မှာ ညာခြေချင်းဝတ် ထိခိုက်သွားတာကြောင့် ပွဲကစားချိန် မိနစ် ၇၉ လောက်မှာ လူစားလဲခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/48/4801eeba4e4e7a9285653d6b02dd8c1ae55f014d.jpg

ယမန်နေ့က ကျွန်တော်တို့တွေ ထင်ထားတဲ့ အတိုင်း နေမာရဲ့ ဒဏ်ရာဟာ ပြင်းထန်ခဲ့တာကြောင့် နောက်ပွဲစဥ်တွေအတွက် မသေချာတဲ့ အခြေအနေလို့တောင် ယူဆခဲ့ကြတာပါ။ ယခုကြားသိရတဲ့ သတင်းတွေအရ နေမာဟာ အုပ်စုပွဲစဥ် ကျန်ရှိနေသေးတဲ့ ၂ ပွဲဆက်ကို နားရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/de/de59affdef0dfc7446e053b5138806f5a30c25ae.jpeg

သူ့ရဲ့ အင်စတာဂရမ်မှာ တော့ နေမာက "ကျွန်တော် ဒဏ်ရာရသွားတယ် ဒါမကောင်းဘူး ထိုခိုက်မှုဖြစ်စေပါတယ်... ဒါပေမယ့် ပြန်ကစားဖို့ အခွင့်အရေး ရမယ်ဆိုတာ သေချာပါတယ်... ဘာကြောင့်လဲဆိုတော့ ကျွန်တောအနေနဲ့ ဖြစ်နိုင်သမျှ ကျွန်တော်နိုင်ငံ ကျွန်တော့် အသင်းဖေ်တွေ နဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ကူညီချင်တယ်... ‘’ လို့လည်း ရေးသားထားပါတယ်။ ဘရားဇီးဟာ အုပ်စု (G) မှာ အနိုင် ၃ မှတ်ရထားပြီး လာမယ့် တနင်္လာနေ့မှာ  ဆွစ်ဇာလန် နဲ့ ယှဥ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/57/577977c7cf5d349b71f4269fc40e4792b88e889d.jpg

Photo Credit - getty

Source - Thet Htwe Naing - Freelance Journalist

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T