Apple ကုမ္ပဏီ ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့စ်ရဲ့ ဖိနပ်ကို ဒေါ်လာ ၂ သိန်းကျော်ဖြင့် လေလံတင်ရောင်းချ

//s9.kh1.co/f1/f144622360e5912251436374af48741ca7b81d47.jpg
နေ့စဉ်သတင်းများ

 ၂၆-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

Apple ကုမ္ပဏီ ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့စ်ရဲ့ ဖိနပ်ကို ဒေါ်လာ ၂ သိန်းကျော်ဖြင့် လေလံတင်ရောင်းချ

Apple ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့သူ စတိဗ်ဂျော့စ် နေထိုင်ခဲ့တဲ့ ကယ်လီဖိုးနီးယားရှိနေအိမ်ကို ယနေ့အချိန်ထိ သမိုင်းဝင်နေရာတစ်ခုအဖြစ် ထားတာသလို့ ယခုမှာလည်း သူစီးခဲ့တဲ့ ကွင်းထိုးဖိနပ်တစ်ရံကို အမေရိကန်ဒေါ်လာ ၂၁၈,၀၀၀ ဖြင့် လေလံတင်ရောင်းချတယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

အဆိုပါ ဖိနပ်ဟာ ၁၉၇၀ ကာလများက စတိဗ်ဂျော့စ် စီးခဲ့တာ ဖြစ်ပြီ ယခုလေလံတင်ရောင်းချရာမှာ အမြင့်ဆုံးစျေးရရှိသွားပြီဖြစ်ကြောင်း Julien’s Auctions လေလံကုမ္ပဏီက ပြောကြားခဲ့တာပါ။ စတိဗ်ဂျော့စ်ဟာ ဒီဖိနပ်ကို နှစ်ပေါင်းများစွာ အိမ်တွင်းစီးထားတာဖြစ်လို့ ‌ခြေရာထင်ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

အဆိုပါ ကွင်းထိုးဖိနပ်အဟောင်းကို ဒေါ်လာ (၆သောင်း) ရရှိရန် ခန့်မှန်းထားခဲ့ပြီး နောက်ဆုံး ရောင်းစျေးက ဒေါ်လာ (၂၁၈၀၀၀) အထိ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ စတိဗ်ဂျော့စ် ဟာ ၂၀၁၁ ခုနှစ်က ပန်ကရိယကင်ဆာဖြင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - Western News-WN / androidauthority

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T