ဆီးရီးယား မြောက်ပိုင်း နှင့် အရှေ့ပိုင်းတို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ တူရကီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ရပြီး ၆ ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို နိုဝင်ဘာ ၂၀ ရက် ညသန်းခေါင်အချိန်ခန့်လောက်မှာ စတင်ခဲ့ပြီး ဆီးရီးယားမြောက်ပိုင်းမှာ တူရကီဂျက်တိုက်လေယာဉ်များက လေကြောင်းတိုက်ခိုက်မှု ၂၀ ကျော် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဒီတိုက်ခိုက်မှုတွေထဲက တစ်ခုကတော့ ဆီးရီးယားအရှေ့မြောက်ပိုင်း ဒဲရက်မြို့အနီး Takl Bukl မှာ ရွာသား ၁၁ ဦး သေဆုံးခဲ့ပါတယ်။ ကိုဘိန်းမြို့ဟာ အပြင်းအထန် တိုက်ခိုက်ခံခဲ့ရပြီး အခြား တိုက်ခိုက်မှုတွေက Derek/al-Malikiyah၊ al-Darbasiya၊ Zararkan၊ Abu Racin၊ Tal Rifa’at နဲ့ Aleppo အနောက်ဘက် al-Shahba’a နေရာတွေကို ထိမှန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက်ကစလို့ ဒီလေကြောင်းကမ်ပိန်းမှာ နေရာ ၁၀၀ ကျော်ထိ တိုက်ခတ်ခဲ့ပြီးပြီဖြစ်ရာ အရှေ့ဘက် ဒဲရက်ကနေ ထရက်စပီယား၊ ကွမ်မီရှလိုဒေသ၊ ဒရက်စ်ဘူဝါ၊ အမုဒဟာ၊ ဟာဆာကာကနေ Dier Ezzoir ဒေသ၊ မြောက်ပိုင်း Raqqa ဒေသကနေ Ein Issa ဒေသအထိ ဆက်သွားခဲ့တယ်လို့ FBR က ဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်៖ Source - FBR