ခြေချင်းဝတ်ဒဏ်ရာကြောင့် နောက်ပွဲထွက်ဖို့ မသေချာတဲ့ နေမာ

//s9.kh1.co/1b/1bf9543f32bf345bafdfd072bc7f3edded11edd0.jpg
အားကစားသတင်းများ

 ၂၅-နို-၂၀၂၂ ၁pm · လွန်ခဲ့သော တစ်နှစ် က

ခြေချင်းဝတ်ဒဏ်ရာကြောင့် နောက်ပွဲထွက်ဖို့ မသေချာတဲ့ နေမာ

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (G) ရဲ့နောက်ထပ်ပွဲစဥ်တစ်ပွဲဖြစ်တဲ့ ဘရားဇီး နဲ့ ဆားဘီးယားတို့ပွဲစဥ်မှာ ဘရားဇီးက ဆားဘီးယားကို ၂ - ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ တိုက်စစ်မှူး နေမာကတော့ ပွဲစဥ်အတွင်း ပြစ်ဒဏ်ကျူးလွန်ခံရမှု ၉ ကြိမ်အထိ ရှိခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၇၉ လောက်မှာ နေမာဟာ ခြေချင်း ဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ဘရာဇီးလ်နည်းပြ တီတီကတော့ နေမာရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ အတည်ပြုသွားမယ်လို့ ဆိုပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတုန်းကလည်း အလားတူ ပြင်းထန်တဲ့ ဒဏ်ရာမျိုးရရှိခဲ့ပါသေးတယ်။

Photo Credit - From Google
Photo Credit - From Google

လက်ရှိမှာတော့ ခြေချင်းဝတ်ဒဏ်ရာကြောင့် နေမာဟာ နောက်ထပ် ပွဲတွေမှာ ပါဝင်ကစားဖို့ အလားလာ မသေချာတော့တဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ဘောလုံးပရိသတ်တွေကလည်း ​နေမာရဲ့ ဒဏ်ရာမပြင်းထန်ဖို့ အားလုံးဆုတောင်းပေးနေကြပါဦး။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - twitter

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T