အာဖဂန်နစ္စတန်မှာ လူသိရှင်ကြား ရိုက်နှက်ဆုံးမမှုတွေက ဖျော်ဖြေရေးတစ်ခုလို ရေပန်းစားနေ

//s9.kh1.co/04/04e739871e162c3d7b68aaa66f225f95a948a3c8.jpg
နေ့စဉ်သတင်းများ

 ၂၅-နို-၂၀၂၂ ၉am · လွန်ခဲ့သော တစ်နှစ် က

အာဖဂန်နစ္စတန်မှာ လူသိရှင်ကြား ရိုက်နှက်ဆုံးမမှုတွေက ဖျော်ဖြေရေးတစ်ခုလို ရေပန်းစားနေ

အာဖဂန်နစ္စတန်မှာ လူသိရှင်ကြား ရိုက်နှက်ဆုံးမမှုတွေက ယခုတလောမှာ ပိုမိုအဖြစ်များခဲ့ပါတယ်။ ပြီးခဲ့အပတ်က အာဖဂန်နစ္စတန်နိုင်ငံရှိ ဘောလုံးကွင်းတစ်ခုမှာ လူပေါင်းထောင်နဲ့ချီရှိတဲ့ အရှေ့မှာ အမျိုးသမီး သုံးဦးအပါအဝင် လူ ၁၂ ဦး ရိုက်နှက်ခံခဲ့ပါတယ်။ အရိုက်ခံရတဲ့ သူတွေဟာ အိမ်ထောင်ရေးဖောက်ပြန်မှု၊ ဓားပြတိုက်မှုနှင့် လိင်တူဆက်ဆံမှု အပါအဝင် ရာဇ၀တ်မှုများအတွက် အပြစ်ရှိတဲ့ သူများဖြစ်တယ်လို့ တာလီဘန်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဒါဟာ အာဖဂန်အစိုးရဟာ ၁၉၉၀ ခုနှစ်တွေတုန်းကလိုမျိုး တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမှုတွေ၊ လုပ်ရိုးလုပ်စဉ်ကို တစ်လအတွင်း အနည်းဆုံး ဒုတိယအကြိမ် ဖြစ်တယ်လို့ BBC က ဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Logar ဒေသရှိ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Omar Mansoor Mujahid က အမျိုးသမီးများဟာ ၎င်းတို့ရဲ့ ပြစ်ဒဏ်မှ လွတ်မြောက်လာပေမယ့် အမျိုးသားအချို့မှာ ထောင်ဒဏ်ကျခံခဲ့ရတယ်လို့ ဆိုပါတယ်။ အမျိုးသားနှင့် အမျိုးသမီး တစ်ကြိမ်လျှင် ကြိမ်ဒဏ် ၂၁ ချက်မှ ၃၉ ကြိမ်အထိရှိပါတယ်။ လူတစ်ဦးမှ အများဆုံးရရှိတဲ့ ကြိမ်ဒဏ် အရေအတွက်မှာ ၃၉ ချက်ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - thethaiger

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T