ဂျာမနီကိုအံ့အားစရာအနိုင်ယူပြီးမှာ အသုံးပြုခဲ့တဲ့ အဝတ်လဲခန်းကိုပါ သန့်ရှင်းနေအောင် ရှင်းပေးခဲ့တဲ့ ဆာမူရိုင်းများ

//s9.kh1.co/fe/feb049d2bb0baa14d20455ae6e0f2731073dfb57.jpg
အားကစားသတင်းများ

 ၂၄-နို-၂၀၂၂ ၆pm · လွန်ခဲ့သော တစ်နှစ် က

.

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (E) ပွဲစဉ်မှာ ဂျပန်အသင်းက ဂျမနီအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ယူပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါအပြင့် ဂျပန်ကစားသမားတွေဟာ Khalifa International Stadium ရှိ သူတို့ရဲ့ အဝတ်လဲခန်းကိုလည်း လုံးဝအညစ်အကြေးမရှိအောင် သေသေသပ်သပ် ရှင်းလင်းပေးခဲ့ကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ ဓာတ်ပုံတွေအရ ကြမ်းပြင်တွေအစ ပြောင်နေအောင် သုတ်သင်ရှင်းလင်းပြီး အမှိုက်တွေကို သပ်သပ်ရပ်ရပ် ထုတ်ပိုးပေးထားခဲ့ပါတယ်။ ဒါ့အပြင် အခန်းကိုလည်း လေဝင်လေထွက်ရအောင် ပြတင်းပေါက်တွေကို ဖွင့်ထားပေးခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ပြီးတော့ စာပွဲခုံပေါ်မှာလည်း စက္ကူဖြင့်လုပ်ထားတဲ့ အိုရီဂါမီ ငန်းရုပ်လေးတွေအပြင် ဂျပန်နှင့် အာရဗီဘာသာစကားဖြင့် ကျေးဇူးတင်စာလွှာတစ်စောင် ချန်ထားခဲ့ပါတယ်။ ဒီလိုလေးစားစရာ အပြုအမူကြောင့် တစ်မ္ဘာလုံးရှိ အင်တာနက် သုံးစွဲသူများရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - Daily Mail

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T