သမီးအရင်းများအပါအဝင်အမျိုးသမီး ၁၂ ယောက်တိတိကို သတ်ဖြတ်ခဲ့တဲ့ စိတ္တဇစုံတွဲလင်မယား

//s9.kh1.co/2f/2fca1de5cf68238ed5c808df6ffc2d7eb714e780.jpeg
နေ့စဉ်သတင်းများ

 ၂၂-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

သမီးအရင်းများအပါအဝင်အမျိုးသမီး ၁၂ ယောက်တိတိကို သတ်ဖြတ်ခဲ့တဲ့ စိတ္တဇစုံတွဲလင်မယား

နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ MBC Every1 ရဲ့ Shocking Chart အစီအစဉ်မှာ နေအိမ်အတွင်းမှာပဲ လူသတ်မှုတွေ ကျုးလွန်ခဲ့တဲ့ စိတ္တဇလင်မယား အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ Shocking Chart မှာ “ရာဇ၀တ်ကောင်က အိမ်ထဲမှာရှိနေတယ်” ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ထိတ်လန့်စရာကောင်းတဲ့ မှုခင်းဇာတ်လမ်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Google
Google
Google
Google

အဆိုပါ စိတ္တဇလင်မယားက Fred နဲ့ Rosemary West လို့သိရပြီး နှစ်ပေါင်း ၂၀ ခုနှစ်အတွင်းမှာ လူအယောက် ၁၂ ယောက်ကျော်ကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက အင်္ဂလန်မှာမွေးဖွားခဲ့တာဖြစ်ပြီး ကလေး ၈ ယောက်နဲ့ နာမည်ကောင်းရရှိပြီး ပျော်ရွှင်တဲ့မိသားစုဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ မကောင်းတဲ့အကျင့်တွေကို ၁၆ နှစ်အရွယ်သမီးဖြစ်သူ Heather မှ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ 

Google
Google

Heather ကိုယ်တိုင်လည်း အနိုင်ကျင့်နှိပ်စက်မှုတွေကို နေ့တိုင်းခံရပြီး ဒဏ်ရာတွေကို သူငယ်ချင်းဖြစ်သူဆီကနေ သံသယ အဝင်ခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Heather ဟာလည်း ဆုံးပါးသွားခဲ့ပါတယ်။ Heather ပျောက်သွားပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Google
Google
Google
Google

နောက်ဆုံး ရှာတွေ့ခဲ့တဲ့အချိန်မှာတော့ သေဆုံးသူ စုစုပေါင်း ၁၂ ယောက်အထိ တွေ့ခဲ့တယ်လို့ သိရပါတယ်။ Fred နဲ့ Rosemary West ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ယနေ့အချိန်အထိ သူတို့မလွတ်မြောက်ကြသေးပါဘူး။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T