အင်ဒိုနီးရှားမှာ ပြင်းအား မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၄၆ ဦး သေဆုံး

//s9.kh1.co/5f/5f7fd65031552e2ba9ecb6aca02626fe5a933922.jpg
နေ့စဉ်သတင်းများ

 ၂၁-နို-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ တနင်္လာနေ့ (နိုဝင်ဘာ ၂၁ ရက်) လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူ (၄၆) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားလာခဲ့ပါတယ်။ အဆိုပါ ငလျင်ရဲ့ ဗဟိုချက်မှာ ဂျကာတာမြို့အရှေ့တောင်ဘက် ၇၅ ကီလိုမီတာခန့်အကွာ Cianjur မှာ ကုန်းတွင်းဖြစ်ပြီး အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - CNA / World Forum
Photo Credit - CNA / World Forum
Photo Credit - CNA / World Forum
Photo Credit - CNA / World Forum

ငလျင်လှုပ်ခတ်မှုကြောင့် အနောက်ဂျာဗားမြို့ဟာ အဆိုးရွားဆုံးဖြစ်ပြီး လူပေါင်း ၇၀၀ ခန့်လောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo Credit - CNA / World Forum
Photo Credit - CNA / World Forum

နိုင်ငံရဲ့ မိုးလေဝသနှင့် ဘူမိရူပဗေဒအေဂျင်စီ (BMKG) ရဲ့ ထုတ်ပြန်ချက်မှာ တနင်္လာနေ့မှာ ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု ဂျကာတာမှာ စက္ကန့်အတော်ကြာ လှုပ်ခတ်သွားခဲ့ပြီး ဆူနာမီဖြစ်ဖို့ အလားအလာမရှိကြောင်း ဖော်ပြချက်အရ သိရပါတယ်။

Photo Credit - CNA / World Forum
Photo Credit - CNA / World Forum

ဒါပေမယ့် မိုးသည်းထန်စွာ ရွာသွန်းပါက မြေပြိုနိုင်သည့် အန္တရာယ်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။အမေရိကန် ဘူမိဗေဒ စစ်တမ်း (USGS) က ပြင်းအား ရစ်ခ်ျတာစကေး ၅.၄ ရှိတဲ ငလျင်ကို မှတ်တမ်းတင်ခဲ့ပါတယ်။

Photo Credit - CNA / World Forum
Photo Credit - CNA / World Forum

သတင်း အရင်းအမြစ် Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T