ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တရုတ်အပြေးသမားတစ်ဦး ပြိုင်ပွဲအတွင်း ဆေးလိပ် ၄၂ သောက်ပြပြီးယှဉ်ပြိုင်ခဲ့တဲ့ ပုံရိပ်တချို့ ပျံ့နှံ့လာတာ တွေ့ရပါတယ်။ အားကစားအများစုမှာ ပြိုင်ပွဲဝင်နေစဉ်အတွင်း ဆေးလိပ်သောက်ခဲ့ကြတာတော့ မရှိခဲ့ကြပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံ Jiande မှာ ကျင်းပခဲ့တဲ့ မာရသွန်အပြေးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အပြေးသမားတစ်ဦးကတော့ လူအများအပြားကို အံ့အားသင့်စေမယ့် အရာကို လုပ်ဆောင်ခဲ့ပါတယ်။


ဒါကတော့ အပြေးပြိုင်နေစဉ်အတွင်းမှာ ဆေးလိပ် ၄၂ လိပ်ကို သောက်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ အခြားအပြေးသမားတွေက ထိပ်ဆုံးကို ရောက်နိုင်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ ၂၆ မိုင်ကို အားသွန်ခွန်စိုက် ပြေးနေရတဲ့ အချိန်မှာ အဆိုပါအမျိုးသားက အေးအေးဆေးဆေးပါပဲ။ သူဟာ ဆေးလိပ်သောက်ပေမယ့် အပြေးသမား ၁၅၀၀ နီးပါးရဲ့ ထိပ်တန်းသုံးပုံတစ်ပုံလောက်ကို ရောက်ရှိခဲ့ပါတယ်။


အဆိုပါ အမျိုးသားက အသက် ၅၀ နှစ်အရွယ်ရှိတဲ့ အန်ကယ်ချန်ပါ။ အန်ကယ်ချန်ဟာ အပြေးပြိုင်တဲ့အချိန် ဆေးသောက်တာကတော့ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ လွန်ခဲ့သည့်ငါးနှစ်အတွင်း Guangzhou နှင့် Xiamen ပြိုင်ပွဲနှစ်ခုလုံးမှာ ဆေးလိပ်သောက်ရင်း အပြေးပြိုင်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူများကတော့ အန်ကယ်ချန် ယခုလို ဆေးသောက်တာဟာ ပြိုင်ပွဲမှာ အပြေးသမားတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိနိုင်တယ်လို့ ဝေဖန်အကြံပြုခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - dailystar