အချိန်အတော်ကြာ အဖမ်းခံထားရတဲ့ တေးသံရှင်စောဖိုးခွားနှင့်ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ ပြန်လည်လွတ်မြောက်

//s9.kh1.co/f7/f7872232ac423e362c9919f411566c396bbc2a57.jpg
နေ့စဉ်သတင်းများ

 ၁၅-နို-၂၀၂၂ ၃pm · လွန်ခဲ့သော တစ်နှစ် က

အချိန်အတော်ကြာ အဖမ်းခံထားရတဲ့ တေးသံရှင်စောဖိုးခွားနှင့်ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ ပြန်လည်လွတ်မြောက်

ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အချိန်အတော်ကြာ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ ငြိမ်းချမ်းရေး အဆိုတော် တေးသံရှင် စောဖိုးခွား ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ထွက်ရှိလာတဲ့ သတင်းတွေ အရ သိရှိရပါတယ်။ ဒါ့အပြင် တေးသံရှင် စောဖိုးခွားနဲ့အတူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးပါ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

Google
Google
Photo Credit to original uploader
Photo Credit to original uploader

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် (၂) နှစ်ချခံထားပြီး အဆိုတော် စောဖိုးခွားကိုတော့ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀ (က) ၊ ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ် ၂ နှစ် ချခံထားတာဖြစ်ပါတယ်။

Photo Credit to original uploader
Photo Credit to original uploader

ပရိသတ်တွေလေးစား တန်ဖိုးထားရတဲ့ အနုပညာရှင်နှစ်ဦး ပြန်လည် လွတ်မြောက်လာတဲ့အတွက် လူအများက ဝမ်းသာ ပျော်ရွှင်နေကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T