အမေရိကန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်လက်ကျန် လေယာဉ်နှစ်စီး ဝေဟင်မှာ တိုက်မိပြီး ပျက်ကျ

//s9.kh1.co/57/576e86413e20f21fada054d1c9bc34990d90b4ee.jpg
နေ့စဉ်သတင်းများ

 ၁၄-နို-၂၀၂၂ ၇am · လွန်ခဲ့သော ၃ နှစ် က

အမေရိကန်နိုင်ငံ မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းပြပွဲမှာ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အမေရိကန်နိုင်ငံ ၊ တက္ကဆက် ပြည်နယ် ၊ ဒါးလာ့စ်မြို့ မှာ ပြုလုပ်တဲ့ လေကြောင်းပြပွဲတစ်ခုမှာ ဒုတိယကမ္ဘာစစ်ခေတ်က လက်ကျန်ဖြစ်တဲ့ နှစ်ချို့ လေယာဉ် နှစ်စီး ဟာ ဝေဟင်ထက်မှာ တိုက်မိပြီး ပျက်ကျခဲ့တဲ့ဖြစ်စဉ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အရှိန်ဖြင့် ပျံသန်းလာတဲ့လေယာဉ်တစ်စီးက အခြားလေယာဉ်တစ်စီးကို ခပ်နိမ့်နိမ့်အနေအထားမှာ တိုက်မိခဲ့ပြီး လေယာဉ်တစ်စီးဟာ ထက်ဝက်ပိုင်း ကျိုးကျသွားပြီး မြေပြင်ပေါ်သို့ ပျက်ကျသွားတာဖြစ်ပါတယ်။ ဘိုးရင်း ဘီ-၁၇ အမျိုးအစား လေယာဉ်တစ်စီးပါဝင်တဲ့ အဆိုပါ လေယာဉ်တွေဟာ ဒါးလာ့စ်မြို့ အနီး အောက်မေ့ဖွယ် လေကြောင်းပြပွဲမှာ ပါဝင်ခဲ့ကြရာမှ အခုလိုဖြစ်ပေါ်ခဲ့တာလို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

၎င်း လေယာဉ်များပေါ်မှ လေယာဉ်မှူးများ ဟာ သေဆုံးသွားခဲ့တယ်လို့ သိရပြီး အဆိုပါလေယာဉ်မှူးများဟာ အမေရိကန်လေကြောင်းလိုင်းတွေကို ကိုယ်စားပြုတဲ့ မဟာမိတ်လေကြောင်းလိုင်းမှ လေယာဉ်မှူးတွေဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါလေယာဉ်မှူးတွေ သေဆုံးသွားပေမယ့်လည်း လေကြောင်းပြပွဲကိုတော့ဆက်လက်ကျင်းပသွားမယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T