ဟောလိုးဝင်းပွဲဖြစ်စဥ်ကို စုံစမ်းစစ်ဆေးနေတဲ့ တောင်ကိုရီးယားရဲအရာရှိအား နေအိမ်မှာ သေဆုံးလျက်တွေ့ရှိ

//s9.kh1.co/9f/9f47f14643c5ac468d20574e810491db1e110594.jpg
နေ့စဉ်သတင်းများ

 ၁၂-နို-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဟောလိုးဝင်းပွဲဖြစ်စဥ်ကို စုံစမ်းစစ်ဆေးနေတဲ့ တောင်ကိုရီးယားရဲအရာရှိအား နေအိမ်မှာ သေဆုံးလျက်တွေ့ရှိ

ဆိုးလ်မြို့မှာ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရတဲ့ ဟောလိုးဝင်းပွဲဖြစ်စဥ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ တောင်ကိုရီးယား ရဲအရာရှိတစ်ဦး သေဆုံးနေတာကို သောကြာနေ့ (နိုဝင်ဘာ ၁၁ ရက်) မှာ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Photo Credit - AFP
Photo Credit - AFP

ထုတ်ပြန်ချက်မှာတော့ မျိုးရိုးအမည် Jeong လို့ဆိုတဲ့ အသက် ၅၅ နှစ်အရွယ် ရဲအရာရှိကို ဆိုးလ်မြို့ရှိ ၎င်းရဲ့နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Jeong ဟာ တောင်ကိုရီးယားမြို့တော်ရှိ ဖျော်ဖြေရေးနယ်မြေဖြစ်တဲ့ Itaewon ခရိုင်ရှိ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူလည်းပါတယ်။

ယခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှုမှတ်တမ်းများအရ လူအုပ်ပြိုနိုင်တဲ့ အခြေအနေနှင့်ပတ်သက်ပြီး အန္တရာယ်ရှိလာနိုင်ကြောင်း ရဲတပ်ဖွဲ့ထံလှမ်းအကြောင်းကြားခဲ့တဲ့ အကြောင်းကြားချက် ၁၁ ခုကိုလက်ခံရရှိခဲ့ပေမယ့် အချိန်မီ အရေးယူဆောင်ရွက်မှု ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။

Photo Credit - AFP
Photo Credit - AFP

ယခုလို အရေးယူဆောင်ရွက်မှု ပျက်ကွက်ခဲ့တာကြောင့် သေဆုံးသူ ၁၅၆ ဦးရှိခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံခြားသား ၂၀ ကျော်လောက် အပါအဝင် အများစုမှာ ဆယ်ကျော်သက်လူငယ်များ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲချုပ်၊ဆိုးလ်မြို့တော်ဝန်နှင့်ပြည်ထဲရေးဝန်ကြီးတို့အပါအဝင် ထိပ်တန်းအရာရှိအချို့ကတော့ ဒီဖြစ်ရပ်နှင့်ပတ်သက်ပြီး လူသိရှင်ကြားတောင်းပန်စကားဆိုခဲ့ပြီး လူသေဆုံးနိုင်နဲ့ ဘေးအန္တရာယ်ကိုတားဆီးရန်ပျက်ကွက်ခဲ့ကြောင်းလည်း ပြီးခဲ့တဲ့ အပတ်ကဝန်ခံခဲ့ပါတယ်။

သတင်း အရင်းအမြစ် Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T