ထိုင်းနိုင်ငံက အသက် (၃၇) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ ဇနီးဟောင်းရဲ့ ချစ်သူဖြစ်သူ အား မနာလိုစိတ်ကြီးစွာဖြင့် ဇနီးဟောင်းချစ်သူရဲ့ ပေါင်ခြံကို သေနတ်နဲ့ပစ်ခတ်ပြီး လူသတ်ရန် ကြိုးပမ်းခဲ့တာကြောင့် နဲ့ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
မနာလိုတအားဖြစ်နေတဲ့ ခင်ပွန်းဟောင်းဟာ ဇနီးသည်ဟောင်းရဲ့ လက်ရှိချစ်သူ အမျိုးသားရဲ့ ပေါင်ခြံနေရာ ကို သေနတ်နဲ့ပစ်ခတ်ပြီးနောက် အပစ်ခံရသူ အမျိုးသားရဲ့ ကျားအင်္ဂါ ( ဝှေးစေ့) ပါ ထိခိုက်သွားတယ်လို့ ယူဆရတယ်လို့ သိရပါတယ်။ ၎င်းပစ်ခတ်သူ အမျိုးသား ဟာ သူ့ရဲ့ ချစ်သူမိန်းကလေးနဲ့ အရက်သေစာသောက်စားခဲ့ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း က ဇနီးဟောင်းရဲ့ နေအိမ်ကို ဝုန်းဒိုင်းဝင်ရောက်ခဲ့ပြီးနောက် ဇနီးဟောင်းရဲ့ ချစ်သူကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားမှုကြောင့် ဇနီးဟောင်း ဖြစ်သူ က ထိတ်လန့်တုန်လှုပ်ခဲ့ပြီး ရဲစခန်းကိုအကြောင်းကြားခဲ့ပြီးနောက် တရားခံအမျိုးသားကို နေအိမ်အနီးမှာပဲ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ ပစ်ခတ်သူအမျိုးသားဟာ သူ့အနေနဲ့ သေနတ်ကို မှားယွင်းပြီး ပစ်ခတ်ခဲ့မိတာလို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုပြောကြားခဲ့ပေမယ့် သူ့ကို လူသတ်ရန်ကြိုးစားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။