သိပ်မကြာခင်က နန်းတက်ခဲ့တဲ့ ဗြိတိန်ဘုရင် ချားလ်စ် နဲ့ ကြင်ယာတော် ကာမီလာတို့အား ဒေါသထွက်နေတဲ့ ပြည်သူတစ်ဦး က ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု နိုဝင်ဘာ(၁၀)ရက်နေ့ က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်ဘုရင် နဲ့ ကြင်ယာတော်တို့ နှစ်ဦး ဟာ အင်္ဂလန်နိုင်ငံ ရဲ့ မြောက်ပိုင်းမြို့အား နိုဝင်ဘာလ (၁၀) ရက်နေ့က သွားရောက်ခဲ့ချိန်မှာ အသက် (၂၈) နှစ်အရွယ် အမျိုးသားက ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၎င်းအမျိုးသား ဟာ ယောက်တက္ကသိုလ် က ကျောင်းသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ကြိုဆိုပွဲ အခမ်းအနားမှာ မြို့ခေါင်းဆောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်နေချိန် ဘုရင်ချားလ်စ် ရဲ့ အနား ကြက်ဥတွေ ကျလာပြီး အဆိုပါဆန္ဒဖော်ထုတ်သူဟာ " ငါတို့နိုင်ငံဟာ ကျွန်စနစ်ရဲ့ သွေးတွေနဲ့တည်ဆောက်ထားတာ " လို့ အဆက်မပြတ်အော်နေခဲ့ပါတယ်။ အဲ့သလို ဘာကြောင့်လုပ်ခဲ့ရလဲဆိုတာကိုလည်း ၎င်းအမျိုးသားတက်ရောက်ရာ တက္ကသိုလ်ကောင်စီမှ စစ်ဆေးသွားမည်ဖြစ်ကြောင်းဆိုထားပါတယ်။


