အရက်ချက်မယ့် မဟွာချဉ်တွေစားပြီး မူးပြီးအိပ်ပျော်ခဲ့ကြတဲ့ တောဆင်ရိုင်း ၂၄ ကောင်

//s9.kh1.co/84/845984ce5b8770298c7c4e497460f3671403f09d.jpg
နေ့စဉ်သတင်းများ

 ၁၁-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အရက်ချက်မယ့် မဟွာချဉ်တွေစားပြီး မူးပြီးအိပ်ပျော်ခဲ့ကြတဲ့ တောဆင်ရိုင်း ၂၄ ကောင်

အိန္ဒိယနိုင်ငံမှာ တောဆင် ၂၄ ကောင် အရက်သောက်ပြီး တောထဲမှာ နာရီအနည်းငယ် အိပ်ပျော်သွားခဲ့တယ်လို့ ‌အိန္ဒိယဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။ Orissa ပြည်နယ်၊ Keonjhar ခရိုင်ရှိ သစ်တောတစ်တောရဲ့ အနီးမှာနေထိုင်ကြတဲ့ ရွာသားများဟာ နိုဝင်ဘာ ၁၀ ရက်နေ့က ရိုးရုာ မဟွာပန်း အရက်ချက်ဖို့ မနက် ၆ နာရီလောက်မှာ တောထဲကို သွားတဲ့အချိန် မဟွာပန်းကစော်ဖောက်ထားတဲ့ အိုးတွေကွဲနေတာကို တွေ့ရပါတယ်။

Photo Credit - WorldForum
Photo Credit - WorldForum

အိုးတွေ ပျက်စီးနေတဲ့ တွေ့ရပေးမယ့် အနီးအနားမှာ မဟွာကစော်ဖောက်ထားတာတွေ ဖိတ်စဥ်တဲ့ သဲလွန်စတောင် မတွေ့ခဲ့ရဘဲ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ကြပါတယ်။ ဒီတော့ ရွာသားတွေက မသင်္ကာတာကြောင့် ရွာအနီးအနားကို ပတ်ရှာခဲ့ကြပါတယ်။ ရွာနဲ့ တောစပ်ကြားလောက်မှာတော့ တောဆင်ရိုင်း ၂၄ ကောင်ဟာ အသီးသီး မြေပြင်မှာ လဲလျောင်းပြီး မလှုပ်မရှား အိပ်ပျော်နေကြတာကို တွေ့ခဲ့ရပါတယ်။ ရွာသားတွေရဲ့ ပြောပြချက်အရ ဒီတောဆင်ရိုင်းတွေဟာ ကစော်ဖောက်ထားတဲ့ အရက်တွေကို တိတ်တဆိတ် သောက်သွားလို့ မူးပြီးအိပ်ပျော်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Photo Credit - WorldForum
Photo Credit - WorldForum
Photo Credit - WorldForum
Photo Credit - WorldForum

ရွာသားတွေက အသံအကျယ်ကြီးဖြင့် အော်ဟစ်ပြီး အဲ့ဒီအိပ်ပျော်နေတဲ့ ဆင်တွေကို နှိုးခဲ့ကြပါတယ်။ ဒါပေမယ့် ဆင်တွေက မနိုးတာကြောင့် နောက်ဆုံး တော်ဝင်သစ်တောဌာနကို အကြောင်းကြားခဲ့ရပါတယ်။ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဆင်ကို နှိုးဖို့ လာရောက်ခဲ့ပေမယ့်လည်း အရက်အစွမ်းကြောင့် ဆင်တွေက မနိုးခဲ့ပါဘူး။ နာရီအနည်းငယ်ကြာလောက်မှာတော့ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ဗုံများ ထုရိုက်ပြီး နှိုးလိုက်မှ ဆင်များဟာ နိုးလာပြီး တောထဲကို ပြန်ဝင်သွားကြတယ်လို့ ဆိုပါတယ်။ သစ်တောအရာရှိတွေကတော့ ဆင်တွေဟာ မဟွာချဉ်စားသုံးလို့ မူးသွားတာ သေချာမသိရပေမယ့် သူတို့ အနားယူတာလည်း ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit - WorldForum
Photo Credit - WorldForum

သတင်း အရင်းအမြစ် Source - India today

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T