အကုန်လုံးက စိတ်ဝင်စားကြတဲ့ အီဂျစ်အလှဘုရင်မ ကလီယိုပက်ထရာ ရဲ့ ရုပ်အလောင်းမြှုပ်ထားရာ ဂူသင်္ချိုင်းဆီ သို့ရောက်နိုင်တဲ့ ရှေးဟောင်းဥမင်လှိုဏ်ခေါင်းတစ်ခု ကို အီဂျစ်ဘုရားကျောင်းဆောင်အောက်တစ်ခု ဆီကနေ တွေ့ရခဲ့တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ဆိုလာခဲ့ပြီဖြစ်ပါတယ်။

အီဂျစ်အလှဘုရင်မ ကလီယိုပက်ထရာ နဲ့ ခင်ပွန်း တို့ရဲ့ နောက်ဆုံးကျိန်းဝပ်ရာနေရာသို့ရောက်နိုင်မယ့် လမ်းကြောင်းကို နှစ် (၂၀) နီးပါးကြာသည့်တိုင်အောင်ရှာဖွေခဲ့ရပြီး အဆိုပါ ဂူသင်္ချိုင်းသို့ သွားနိုင်ဖို့အတွက် လမ်းကြောင်းရှိရာဖြစ်တဲ့ Tapuziris Magna ဘုရားကျောင်း ကို ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ အီဂျစ်ရှေးဟောင်းဘုရားကျောင်းအောက်မှာ ရှိတဲ့ ကျောက်တုံးလိုဏ်ခေါင်းဟာ (၄၃)ပေအထိရှည်လျားတယ်လို့ ခန့်မှန်းသိရပြီး ၎င်း ဟာ ဘီစီ (၅၁) မှ ဘီစီ (၃၀) အတွင်း အီဂျစ်နိုင်ငံ ရဲ့ နောက်ဆုံးမင်းဖြစ်ခဲ့တဲ့ ကလီယိုပက်ထရာ ရဲ့ ပျောက်ဆုံးနေတဲ့ ဂူသင်္ချိုင်းဆီသို့ ဦးတည်သွားနိုင်တယ်လို့ ဆိုပါတယ်။



