ဒူဘိုင်းမြို့လယ်ရှိ 8 Boulevard Walk Tower မှာ တနင်္လာနေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တာဝါဟာ Burj Khalifa အနီးမှာရှိတဲ့ ၃၅ ထပ်မြင့်တဲ့ တာဝါဖြစ်ပြီး နံနက် ၂:၂၀ နာရီခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နံနက် ၃:၃၅ မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

အဲ့ဒီမီးလောင်ကျွမ်းခဲ့တဲ့ တာဝါမှာ နေထိုင်သူများရှိမရှိ မသိရတဲ့အပြင် သေဆုံးထိခိုက်ဒဏ်ရာ ရှိမရှိကို သက်ဆိုင်ရာအာဏာပိုင်များက တစ်စုံတရာ ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဆိုပါစီမံကိန်းကို Emaar မှ ၂၀၀၈ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီလတုန်းကလည်း အလားတူ Swissotel Al Murooj Hotel မှာ မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း နှစ်သစ်ကူးအကြိုညမှာ Address Downtown ဟိုတယ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများအတွက် အာမခံလျော်ကြေးငွေ AED ၁.၂ ဘီလီယံ (ဒေါ်လာ ၃၈၀ သန်း) ကို ပေးဆောင်ခဲ့ရပါတယ်။

သတင်း အရင်းအမြစ်៖ Source - dailymail.