ခရီးသွားတွေကိုဆွဲဆောင်ဖို့ ပတ္တယားကမ်းခြေမှာ ကျင်းပခဲ့တဲ့ ဘီကနီ အပြေးပြိုင်ပွဲ

//s9.kh1.co/36/36f61bd69a3f812faeb60886b3f5280fe8757e97.jpg
နေ့စဉ်သတင်းများ

 ၀၂-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ခရီးသွားတွေကိုဆွဲဆောင်ဖို့ ပတ္တယားကမ်းခြေမှာ ကျင်းပခဲ့တဲ့ ဘီကနီ အပြေးပြိုင်ပွဲ

ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမှာ ခရီးသွားတွေကိုဆွဲဆောင်ဖို့အတွက် နှစ်စဉ်ကျင်းပတဲ့ Pattaya International Bikini Beach Race 2022 အပြေးပြိုင်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၉)ရက်နေ့မှာကျင်းပခဲ့ကြပါတယ်။ အဆိုပါ ပွဲတော်မှာ လူပေါင်း ၇၀၀၀ လောက်တက်ရောက်ခဲ့ပြီး အမျိုးသား ၊ အမျိုးသမီး အပြေးသမား ၃၀၀၀ ခန့်ကမလုံမလဲ ဘီကနီဝတ်စုံတွေနဲ့ ၅ ကီလိုမီတာလောက် အပြေးပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

အဆိုပါ ပွဲတော်ကို ၂၀၁၅ ခုနှစ်လောက်ကစတင်ခဲ့တာဖြစ်ပြီး ပတ္တယားကမ်းခြေတစ်လျေှာက်မျာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ယခုနှစ်ပြိုင်ပွဲမှာတော့ “Voice of Thailand” ရဲ့ Season 2 မှာ ထိုင်း Rangsan “Songkran” Panyaruean က အနိုင်ရရှိသူဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

Central Pattaya မှ စီစဉ်သူများက နောက်နှစ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာမှ အနုပညာရှင်များကို ဖိတ်ခေါ်ပြီး ပတ္တရားကို ခရီးသွားများ ပိုမိုစိတ်ဝင်စားလာအောင် ဆွဲဆောင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ဆွဲဆောင်မှုတစ်ခု ဖန်တီးသွားမယ်လို့လည်း ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - thethaiger

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T