အီထယ်ဝန်မှာ ဖြစ်ပွားခဲ့တဲ့ ဟော်လိုးဝင်းပါတီည မတော်တဆမှုကြီးထဲမှာ ပါဝင်ခဲ့တဲ့ ဂျပန်မော်ဒယ်မလေး Tomikawa Mei ရဲ့ ရုပ်အလောင်းကို ဖခင်ကြီးဖြစ်သူက ဂျပန်နိုင်ငံကို ပြန်လည်သယ်ဆောင်သွားပြီလို့ သိရပါတယ်။ Tomikawa Mei က ဂျပန်နိုင်ငံသူမော်ဒယ်လေးဖြစ်ပြီး တောင်ကိုရီးယားကို လာလည်စဉ်မှာ လူအုပ်ကြားထဲပိမိပြီး ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူမရဲ့ မိသားစုက အဖိုးတန်သမီးလေးရဲ့ ရုပ်အလောင်းကို တကူးတက လေယာဉ်နဲ့ ဂျပန်နိုင်ငံအထိ ပြန်သယ်သွားတာဖြစ်ပါတယ်။

ဂျပန်မော်ဒယ်မလေး Tomikawa Mei ဟာဆိုရင် အောက်တိုဘာလ ၃၁ ရက်နေ့တုန်းက အီထယ်ဝန်က လူအုပ်ကြားထဲမှာ ပိမိပြီး ဆုံးသွားခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူကိုယ်တိုင်က ဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ Tomikawa Mei က ပြည်ပမှာ ပညာသင်ကြားဖို့အတွက် မော်ဒယ်အလုပ်တွေ ရပ်နားထားပြီး တောင်ကိုရီးယားကို လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Tomikawa Mei ရဲ့ ဖခင်ကြီးက သမီးဖြစ်သူနဲ့ နောက်ဆုံး ဆက်သွယ်မိခဲ့တဲ့ အချိန်က အောက်တိုဘာလ ၂၉ ရက်နေ့ ၊ ည ၇ နာရီမှာ ဖြစ်တယ်လို့ သိရပါတယ်။ ည ၇ နာရီနောက်ပိုင်းမှာ သူငယ်ချင်းတွေ အားလုံးကလည်း Tomikawa Mei နဲ့ ဖုန်းအဆက်အသွယ် ပျက်တောက်ခဲ့ပါတယ်။

သမီးဖြစ်သူလေးကို ဆုံးရှုံးလိုက်ရတာနဲ့ ပတ်သက်ပြီး ဖခင်ကြီးက အီထယ်ဝန်ရဲ့ ဟော်လိုးဝင်းည သတင်းကြားကြားချင်းမှာ သမီးဖြစ်သူကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုခဲ့ကြောင်း ၊ Tomikawa Mei ဘေးကင်းဖို့အတွက် မိန်းမဖြစ်သူနဲ့အတူ ဆုတောင်းပေးခဲ့ကြောင်း ကံဆိုးစွာနဲ့ပဲ သမီးလေးကို ဆုံးရှုူံခဲ့ရကြောင်းကို ဝမ်းနည်းစွာနဲ့ ပြောလာခဲ့ပါတယ်။



အီထယ်ဝန်မှာ Tomikawa Mei လူအုပ်ကြားထဲညပ်ပြီး ဆုံးသွားချင်းမှာ မိသားစုတစ်ခုလုံး ယူကြုံးမရ ဝမ်းနည်းခဲ့ရကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့နေ့လည်မှာပဲ Tomikawa Mei ရဲ့ မိဘတွေက တောင်ကိုရီးယားကို အားချင်းလာပြီး သမီးဖြစ်သူရုပ်အလောင်းကို ဂျပန်နိုင်ငံကို သယ်သွားတယ်လို့ သိရပါတယ်။

အီထယ်ဝန်က ဟော်လိုးဝန်းပါတီည မတော်တဆမှုကြီးမှာ စုစုပေါင် လူအယောက် ၁၅၄ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ၉၈ ယောက်နဲ့ အမျိုးသား ၅၆ ယောက် ပါဝင်တယ်လို့ သိရပါတယ်။





