တောင်ကိုရီးယား၊ ဆိုးလ်မြို့မှာ အောက်တိုဘာလ (၂၉) ရက်နေ့ညက ဟောလိုးဝင်းပွဲလူစုလူဝေး မှ လူပိမှုဖြစ်ပွားခဲ့တာကြောင့် လူပေါင်း (၁၅၁) ဦး သေဆုံးခဲ့ပြီး အဆိုပါဖြစ်ရပ်အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ အများအပြားက ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လတ်တလောအသစ်တက်လာတဲ့ အိန္ဒိယနိုင်ငံသား ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက် က " ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာ အားလုံး ဟာ တောင်ကိုးရီးယားနိုင်ငံသားများနဲ့ ထပ်တူရှိနေပါတယ် " လို့ ရေးသားခဲ့သလို အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ကလည်း ကိုးရီးယားပြည်သူများနှင့်တသားတည်းရပ်တည်ကြောင်း ၊ ဒဏ်ရာရပြည်သူများအား အမြန်ပြန်ကောင်းစေလိုကြောင်း နှင့် "ဒီကြေကွဲစရာအခိုက်အတန့်မှာ ကိုးရီးယားပြည်သူနှင့်အတူတသားတည်းရပ်တည်နေပါတယ်"လို့လည်းရေးသားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကလည်း ကွယ်လွန်သွားသူတွေအတွက် ဆုတောင်းပေးနေကြောင်း ပြောကြားလာခဲ့ပြီး ဂျပန်နိုင်ငံ ၊ စင်ကာပူနိုင်ငံ နှင့် ပြင်သစ်နိုင်ငံ မှ နိုင်ငံ့ခေါင်းဆောင်များကလည်း အခုလို အဖိုးတန်လူငယ်တွေ သေဆုံးရမှုအပေါ် အတော်လေး စိတ်မကောင်းဖြစ်ကာ ထပ်တူဝမ်းနည်းရကြောင်း ဖော်ပြလာခဲ့တာဖြစ်ပါတယ်။






