လေပေါ်အတက်မှာတင် မီးလောင်ပေါက်ကွဲခဲ့တဲ့ ခရီးသည် (၁၈၀) ကျော်ပါ အိန္ဒိယလေယာဉ်

//s9.kh1.co/2d/2dcb87756085fc8a5b60ae40d23fe905eb6c6c0a.jpg
နေ့စဉ်သတင်းများ

 ၃၁-အောက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

အိန္ဒိယနိုင်ငံ မှာ ခရီးသည်ပေါင်း (၁၈၀)ကျော် လိုက်ပါစီးနင်းလာတဲ့........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အိန္ဒိယနိုင်ငံ မှာ ခရီးသည် (၁၈၀) ကျော်လိုက်ပါလာတဲ့ လေယာဉ်ဟာ လေယာဉ်ကွင်းမှ လေပေါ်ပျံတက်နေစဉ်အတွင်းမှာတင်ပဲ အင်ဂျင် မီးလောင် ကာ လေပေါ် ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သတင်းဌာနများရဲ့ ဖော်ပြချက်အရသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အင်ဂျင်မီးလောင်ပေါက်ကွဲသွားခဲ့တဲ့ ကြောက်စရာ အခိုက်အတန့်ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ၎င်း လေယာဉ်ပေါ်မှာ ပါရှိလာတဲ့ ခရီးသည် အစုလိုက်အပြုံလိုက်အား ဘေးလွတ်ရာ သို့ အမြန်ဆုံး ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် သောကြာနေ့ကဖြစ်ခဲ့တဲ့ အင်ဒီဂိုး လေကြောင်းလိုင်းရဲ့ လေယာဉ် အင်ဂျင်မီး လောင်ရခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ အိန္ဒိယ လေကြောင်းထိန်းသိမ်းရေးအ ဖွဲ့က စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ လေယာဉ်မီးလောင်မှုနဲ့ ပတ်သက်လို့ ခရီးသည်တွေက ပေါက်ကွဲသံ အသံအကျယ်ကြီးကို ရုတ်တရက်ကြားလိုက်ရုံမှလွဲ ကျန်တဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေ လုံးဝမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ လေယာဉ်ပေါ်ကတာဝန်ရှိသူတွေအနေနဲ့လည်း လေယာဥ်ကိုအမြန်ဆုံးရပ်တန့်နိုင်ခဲ့တာကြောင့် ခုလို ဘေးကင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T