ဒီကနေ့ ကျရောက်တဲ့ ဆင်လိမ္မာမကြီး မိုမို ​ရဲ့ (၆၉) နှစ်ပြည့်မွေးနေ့ အတွက် မွေးနေ့ပွဲကျင်းပ

//s9.kh1.co/df/df12b336836f66149ee1c5f7a1c20a6b0b0065a6.jpg
နေ့စဉ်သတင်းများ

 ၂၉-အောက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို ရဲ့အသက်(၆၉)နှစ်ပြည့်မွေးနေ့ ကို......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကလေးတိုင်းရဲ့ ငယ်စဉ်ဘဝတည်းက စွဲလမ်းချစ်ခင်ရတဲ့ အချစ်တော် တိရစ္ဆာန် ပြည်သူ့အချစ်တော်ဆင်မကြီးမိုမို ကို အားလုံး က မှတ်မိကြဦးမယ်ထင်ပါတယ်နော်။ မိုမို ရေ လို့ ခေါ်လိုက်တာနဲ့ ဝူး လို့အော်ထူးတတ်တဲ့ ဆင်မကြီးမိုမိုကတော့ ဒီကနေ့ အောက်တိုဘာ(၂၉)ရက်နေ့မှာ အသက်(၆၉)နှစ်ပြည့်သွားပြီလို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီကနေ့ ကျရောက်လာတဲ့ ဆင်မကြီး မိုမို ရဲ့ အသက် (၆၉) နှစ်ပြည့် မွေးနေ့ကို ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်မှာကျင်းပနေတယ်လို့ သိရပါတယ်။ ဆင်မကြီး မိုမိုရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ယမန်နေ့အောက်တိုဘာ(၂၈)ရက်နေ့ မှစကာ အောက်တိုဘာ(၃၀)ရက်နေ့အထိ ပွဲများကျင်းပနေတယ်လို့လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယမန်နေ့ အောက်တိုဘာ(၂၈)ရက်နေ့မှာတော့ တိရစ္ဆာန်လေးများရဲ့ပြကွက်ဆန်းများ မျက်လှည့်များ ပြသခဲ့ပြီး အစိုးရရုံးပိတ်ရက်ဖြစ်တဲ့ အောက်တိုဘာ(၂၉) ရက်နဲ့ (၃၀) ရက်တွေမှာတော့ မိုမိုရဲ့ မွေးနေ့ အထိမ်းအမှတ်သစ်သီးကိတ်ခွဲခြင်း ဖျော်ဖြေပွဲများနဲ့တေးဂီတဖျော်ဖြေပွဲ များကို ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီကနေ့ မွေးနေ့မှာတော့ မိုမို့ ကို ချစ်တဲ့သူတွေနဲ့အတူ မိုမို က မွေးနေ့ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T