ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ဖြစ်တဲ့ အီလွန်မတ်စ်ဟာ ယမန်နေ့ အောက်တိုဘာ(၂၇)ရက်နေ့ က ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ယက်ဖြစ်တဲ့ တွစ်တာကို အပြီးတိုင် ဝယ်ယူသွားခဲ့ပြီဖြစ်တယ် လို့ နိုင်ငံတကာသတင်းဌာနများအရသိရပါတယ်။

အီလွန်မက်စ် ဟာ တွစ်တာကိုမဝယ်ယူခင် အောက်တိုဘာ(၂၆)ရက်နေ့က တွစ်တာဌာနချုပ်ထဲသို့ ကြွေလက်ဆေးကန်ကြီး သယ်ယူရင်း ပြုံးဖြဲဖြဲနှင့် ဝင်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ သူက တွစ်တာမှာ "let that sink in." ဆိုပြီး ရေးခဲ့ပါတယ်။ တွစ်တာမှာ ရှိတဲ့ သူ့ရဲ့အကောင့်ပရိုဖိုင်းမှာလည်း သူ့ကိုယ်သူ "Chief Twit." တွစ်ရဲ့အကြီးအကဲ ဆိုပြီး ပြန်ပြောင်းထားပါတယ်။

ကြွေလက်ဆေးကန်ကြီး ကို ဘာကြောင့် သယ်ယူလာလဲဆိုတာကို ဘယ်သူမှမသိရသလို ပိုက်ဆံရှိပြီး လုပ်ချင်ရာလုပ်လေ့ရှိတဲ့ အီလွန်မက်စ် ကိုယ်တိုင်လည်း သိပုံမပေါ်ပါဘူး။ လူတွေ အကုန်လုံးကလည်း အီလွန်မက်စ် ရဲ့ ပေါက်ကရအမူအရာတွေတိုင်းကို တကယ်စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
