ဒီကနေ့ အောက်တိုဘာလ(၂၂)ရက်နေ့ မှာ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ တောင်ဖက်မုဒ်၌ တရုတ်နိုင်ငံထုတ် လိင်ဖြေဖျော်ရေးအရုပ်မ (၂) ခုကို မယ်တော်အဖြစ် အစားထိုးပြီး ကိုးကွယ်နေမှု ဖြစ်ပွားနေခဲ့ကာ အဆိုပါပုံရိပ်တွေဟာ လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံထုတ် လိင်ဖြေဖျော်ရေးအရုပ်မ ( ခုကို မယ်တော်ကြီး နှစ်ပါးဟု ဆိုကာ ရွှေတိဂုံစေတီတော် ကားပါကင် ၌ ဘုရားဖူးပြည်သူအများက တလေးတစား ကန်တော့နေကြပြီး အဆိုပါ ဓာတ်ပုံများဟာ လူမှုကွန်ယက်ပေါ်တွင် ဝေဖန်မှုများမြင့်တက်လျက် ရှိပါတယ်။

အဆိုပါ အရုပ်(၂)ခုကို အမေရိကန်ဒေါ်လာ (၂၄၀၀) စီ ပေးရတယ်လို့ သိရပါတယ်။ ၎င်း လိင်ဖြေဖျော်ရေးအရုပ် (၂) ရုပ်ကို မြန်မာအဝတ်အစားများ ဝတ်ဆင်ပေးကာ အရိယာ သောတာပန် သူရဿတီ မယ်တော်ကြီးနှင့် သီရိဒေဝီ မယ်တော်ကြီးဟု အမည်တပ်ပေးပြီး ရွှေတိဂုံစေတီကားပါကင်တွင် ရင်ငွေ့လှုံ အသက်သွင်းနေကြောင်း ပြောဆိုကာ လူအများက ကန်တော့နေကြတာဖြစ်တယ်လို့သိရပါတယ်။
