Thai Fight မွေထိုင်းလက်ဝှေ့ပွဲမှာ ထပ်မံနိုင်ပွဲယူခဲ့တဲ့ ကယန်းသူလေး ဘရော်နီကာ

//s9.kh1.co/3c/3c60127c6d2df727b4649f6a874ac39e1cc07181.jpg
အားကစားသတင်းများ

 ၁၇-အောက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

Thai Fight မွေထိုင်းလက်ဝှေ့ပွဲမှာ ထပ်မံနိုင်ပွဲယူခဲ့တဲ့ ကယန်းသူလေး ဘရော်နီကာ

ထိုင်းနိုင်ငံမှာ အောက်တိုဘာလ ၁၆ ရက်မနေ့ညက ကျင်းပခဲ့တဲ့ Thai Fight မွေထိုင်းလက် ဝှေ့ပြိုင်ပွဲမှာ ကရင်နီတိုင်းရင်းသူလေး လက်ဝှေ့မယ် ဘရော်နီကာက ပြိုင်ဘက် ဘရားဇီးလက်ဝှေ့မယ် Mariana Scombatti ကို အလဲထိုးပြီး အနိုင်ယူခဲ့တယ်လို့ သိရပါတယ်။

Photo Credit - PJ
Photo Credit - PJ
Photo Credit - PJ
Photo Credit - PJ

အဆိုပါ ပြိုင်ပွဲမှာ ဘရော်နီကာက ဘယ်ခြေညာလက် ၊ဒူးတံတောင် ‌ထိုးချက်တွေကို အသုံးပြုပြီး ပြိုင်ဘက်ကို ဒုတိယအချီမှာ အလဲထိုးသတ်သွားတာ ဖြစ်ပါတယ်။ ကရင်နီတိုင်းရင်းသူလေး ဘရောနီကာဟာ လက်ရှိအချိန်ထိ ပွဲပေါင်း ၃၀ ကျော် ကစားထားခဲ့ပြီး နိုင်ပွဲ ၁၆ပွဲ၊ ရှုံးပွဲ ၂ ပွဲ၊ သရေ ၁၇ ပွဲ ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo Credit - PJ
Photo Credit - PJ
Photo Credit - PJ
Photo Credit - PJ

ဘရော်နီကာရဲ့ ပြိုင်ဘက် ဘရားဇီးနိုင်ငံသူ Mariana Scombatti က မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ နိုင်ပွဲ ၂၅ပွဲထိရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့ရဲ့ ကရင်နီတိုင်းရင်းသူလေး ဘရော်နီကာကို ဒီထက်မက နိုင်ပွဲတွေကို ရယူနိုင်အောင် ဆုတောင်းပေးလိုက်ပါဦး။

Photo Credit - PJ
Photo Credit - PJ

သတင်း အရင်းအမြစ် Source - ကန္တာရဝတီတိုင်း(မ်)

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T