အယုဒ္ဓယမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သမိုင်းဝင်နေရာများနှင့် ဘုရားကျောင်း ၇၀ ခန့် ပြိုကျနိုင်ခြေရှိပြီး နိုင်ငံတစ်ဝှမ်းမှာလည်း နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပါတယ်။ အယုဒ္ဓယဟာ သမိုင်း နှင့် ယဉ်ကျေးမှု ထွန်းကား ပြည်နယ်ဖြစ်ပါတယ်။ ၁၃၅၀ ခုနှစ် ကနေစတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် Siam ဖြစ်ကျော်ကြားတဲ့ မြို့လည်း ဖြစ်ပါတယ်။


လက်ရှိမှာတော့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာကြောင့် ရှေးဟောင်းသမိုင်းဝင်နေရာများနှင့် ဘုရားကျောင်းများ ပြိုကျပျက်စီးမည်ကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ အယုဒ္ဓယ သမိုင်းဝင် ဥယျာဉ် ညွှန်ကြားရေးမှူးက ရှေးဟောင်း အဆောက်အအုံများကို ရေကြီးခြင်းမှ ကာကွယ်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။


သမိုင်းဝင်နေရာများအနီးတစ်ဝိုက်ရှိ နေရာများကို ကာကွယ်ဖို့အတွက် သဲအိတ်နံရံများ တပ်ဆင်ထားပြီး ရေနုတ်မြောင်းများကို တတ်နိုင်သမျှ အမြန်ဆောင်ရွက်ထားပါတယ်။ ဒါပေမယ့် ရေက မြေအောက်ထဲကို စိမ့်ဝင်နေတာကြောင့် ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ အဆောက်အဦတွေရဲ့ အုတ်မြစ်ကို ပျက်စီးစေနိုင်ပြီး ဖောင်ဒေးရှင်းကို ရေတိုက်စားမှုကြောင့် ပြိုကျနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - The Thaiger