ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့မှာ မိုးရွာသွန်းပြီး ရေကြီးနေလျှံတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပါတယ်။ အမျိုးသားမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြောက်ပိုင်းဒေသများတွင် ရာသီဥတုပြောင်းလဲမှုနှင့် တောင်ပိုင်းဒေသများမှာ အနည်းဆုံး အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၄ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။


ဒါ့အပြင်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများမှာလည်း အပူချိန်များ ကျဆင်းနိုင်တယ်လို ခန့်မှန်းထားတဲ့အပြင် လာမည့်ရက်များအတွင်း အခြေအနေများ ပြောင်းလဲလာတာကြောင့် အာဏာပိုင်တွေက သတိပေးချက်အသစ်များ အပ်ဒိတ်လုပ်ဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။


ရေလွှမ်းမိုးတဲ့ ဒေသများမှာလည်း တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးပြီး လိုအပ်တာတွေကို ထောက်ပံ့ပေးသွားမယ်လို့ ဒေသတွင်း သတင်းအရစ်များက ဖော်ပြခဲ့ပါတယ်။ ယခုနှစ် ထိုင်းနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မုန်တိုင်းအရှိန်နှင့် ရာသီဥတုပြောင်းလဲမှုတွေကြောင့် ရေကြီးရေလျှံမှုများ မကြားဆုံးဖြစ်ပေါ်ခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။ ယခုမြင်တွေ့နေရတဲ့ ပုံရိပ်တွေကတော့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ အူဘွန် လချဒါနီ ခရိုင်မှာ အောက်တိုဘာလ ၁၂ ရက်နေ့က ရေကြီးနေမှုမြင်ကွင်းတွေပဲ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - thethaiger