ဟိမဝန္တာတောင်မှာ နှင်းပြိုကျမှုကြောင့် တောင်တက်သမား ၁၀ ဦး သေဆုံး

//s9.kh1.co/ae/ae76902e92fb454f56e4ffd045b73fbe2ecc9161.jpg
နေ့စဉ်သတင်းများ

 ၀၆-အောက်-၂၀၂၂ ၇pm · လွန်ခဲ့သော တစ်နှစ် က

.

အိန္ဒိယဟိမဝန္တာတောင်မှာ နှင်းပြိုကျမှုကြောင့် တောင်တက်သမား ၁၀ ဦး သေဆုံးခဲ့ပြီး အခြားလေ့လာရေးအဖွဲ့ဝင် ၁၈ ဦးလည်း ပျောက်ဆုံးနေသေးကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာ အင်္ဂါနေ့ နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဖွဲ့ဝင်အများအပြား ပိတ်မိခဲ့တာပါ။

Photo Credit - CBS
Photo Credit - CBS

အိန္ဒိယလေတပ်နှင့် ဒေသတွင်း သဘာဝဘေးအန္တရာယ်အေဂျင်စီတို့က ဆီးနှင်းများထူထပ်စွာ ကျဆင်းနေတဲ့ ကြားကနေ မိုးမချုပ်ခင်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လူ ၁၄ ဦးကိုတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၆၀၀၀ ဝန်းကျင်ရှိ  နှင်းပြိုကျရာနေရာကနေ  ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - CBS
Photo Credit - CBS

ထိခိုက်ဒဏ်ရာရရှိတဲ့ သူများကိုတော့ Uttarkashi ခရိုင်ဆေးရုံမှာ ဆေးကုသမှု ပေးထားတယ်လို့ ဆိုပါတယ်။ အဆိုပါ လေ့လာရေး တောင်တက်ခရီးစဉ်မှာ  သင်တန်းသား ၃၄ ဦး၊ သင်တန်းပို့ချသူ ၇ ဦးနှင့် သူနာပြုအကူတစ်ဦးတို့ ပါဝင်ကြောင်း Nehru တောင်တက်တက္ကသိုလ်မှ ပြောကြားချက်အရ သိရပါတယ်။

Photo Credit - CBS
Photo Credit - CBS

သတင်း အရင်းအမြစ်Source - CBS

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T