ဒီကနေ့ အောက်တိုဘာ(၆)ရက်နေ့ ထိုင်းနိုင်ငံ ၊ Nong Bua Lamphu ခရိုင်ရှိ မူကြိုကျောင်းတစ်ခု မှာ သေနတ်သမား တစ်ဦးဟာ မူကြိုကျောင်းအတွင်းထိ ဝင်ရောက်ပစ်ခတ်ရာ မူကြိုအတွင်းရှိ ကလေးများ အပါအဝင် (၃၂) ဦးသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

အဆိုပါ ပစ်ခတ်သူ ဟာ Nong Bua Bamphu ပြည်နယ်၊ Na Wang ရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မူးယစ်ဆေးနဲ့ ဆက်နွယ်တဲ့ ပြစ်မှုနဲ့ ဖမ်းဆီးခံခဲ့ရဖူးတယ်လို့ သိရပြီး သူဟာ လက်ရှိမှာ အမျိုးသမီးဖြစ်သူ နဲ့ ကလေး ဖြစ်သူ နှစ်ဦးစလုံးကို ပစ်သတ်ပြီး သူ့ကိုယ်သူလည်းအဆုံးစီရင်သွားပြီလို့သိရပါတယ်။

ဒီကနေ့ဖြစ်စဉ်မှာ ကလေးငယ် နဲ့ အချို့သော ဝန်ထမ်းများ အတော်အများသေဆုံးခဲ့ကြပြီး ကလေးအပါအဝင် လူဦးရေ(၃၂)ဦးအထိ သေဆုံးခဲ့ကြတယ်လို့သိရပါတယ်။ သို့ပေမယ့် ကလေးငယ်တစ်ဦးကတော့ အိပ်မောကျနေခဲ့တဲ့အတွက် အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး အသက်ရှင်ကျန်ရစ်နေခဲ့တယ်လို့ သိရပါတယ်။
