လာအိုနိုင်ငံကို သယ်ဆောင်မယ့် အာဖရိကကြံ့ချို ၃၄ ဒသမ ၂၅ ကီလိုဂရမ်ကို တရားမဝင်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် တောင်အာဖရိကနိုင်ငံသား Gumede Sthembiso Joel ဟာ တောင်အာဖရိကမှ မျိုးသုဉ်းပျောက်ကွယ်လုနီးပါ ဖြစ်နေတဲ့ ကြံ့ဦးချိုတွေကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ သို့ ပို့ဖို့အတွက် တရားမဝင် သယ်ဆောင်လာရင်း စင်ကာပူလေဆိပ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါ အမျိုးသားကို စင်ကာပူရဲတပ်ဖွဲ့က ခွင့်ပြုချက်မရှိဘဲ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ (ပို့ကုန်သွင်းကုန်) အက်ဥပဒေဖြင့် စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ တရားမဝင်သယ်ဆောင်လာတဲ ကြံ့ချိုဟာ ခန့်မှန်းခြေအားဖြင့် စင်ကာပူဒေါ်လာ ၁ ဒသမ ၂ သန်းခန့် တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

ဒီအမှုကို Gumede ရဲ့ အာဖရိကသံရုံးကို အကြောင်းကြားမယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။ စင်ကာပူမှာ ယနေ့အထိ ကြံ့ချိုဖမ်းဆီးရမိမှုဟာ ယခုဖမ်းဆီးရမှုက အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - CNA