ထိုင်းနိုင်ငံမှာ မူကြိုကလေးထိန်းကျောင်းကို ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးများအပါအဝင်(၃၂)ဦးသေဆုံး

//s9.kh1.co/a2/a2372a8147d5a9881983e5dabce26477013e5888.jpg
နေ့စဉ်သတင်းများ

 ០៦-តុលា-២០២២ ៣ល្ងាច · ៤ ឆ្នាំមុន

ထိုင်းနိုင်ငံ ၊ Nong Bua Lamphu ခရိုင်ရှိ မူကြိုကလေးထိန်းကျောင်းကို......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ထိုင်းနိုင်ငံ ၊ Nong Bua Lamphu ခရိုင်မှာရှိတဲ့ နေ့ကလေးထိန်းမူကြိုကျောင်းတစ်ခု မှာ အခုလေးတင်ပဲ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သေနတ်သမား ဟာ အဆိုပါ မူကြိုနေ့ကလေးထိန်းကျောင်းထဲ ဝင်ရောက်ပစ်ခတ်ရာ မူကြိုအတွင်းရှိ ကလေးများ အပါအဝင် (၃၂) ဦးသေဆုံးသွားတယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

လက်ရှိမှာလည်း အဆိုပါ ပစ်ခတ်သူ ဟာ လွတ်မြောက်နေကြောင်း ၊ ထိုင်းသတင်းဌာနများကလည်း ၎င်း လူအား ဝရမ်းထုတ်ထားပြီဖြစ်ကြောင်း ၊ ဝန်ကြီးချုပ်ကလည်း အေဂျင်စီအားလုံးကို အရေးယူပြီး တရားခံကိုဖမ်းဖို့ သတိပေးထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပစ်ခတ်သူဟာ ရဲအရာရှိဟောင်း တစ်ဦးဖြစ်တယ်လို့ သိရပြီး အဖြူရောင် ပစ်ကပ်ကားဖြင့် အခင်းဖြစ်ရာနေရာမှ အလျင်အမြန် ထွက်ပြေးသွား​ခဲ့တယ်လို့ ရဲဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

၎င်း အမျိုးသား ဟာ Nong Bua Bamphu ပြည်နယ်၊ Na Wang ရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မူးယစ်ဆေးနဲ့ ဆက်နွယ်တဲ့ ပြစ်မှုနဲ့ ဖမ်းဆီးခံခဲ့ရဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း သူ့ကို Nong Bua Lamphu ပြည်နယ်မှာ အစိုးရဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူဖို့ အမိန့်ထုတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာ အဆိုပါအမျိုးသား ဟာ သူ့ရဲ့ ဇနီးနဲ့ကလေးကိုပါ ပစ်သတ်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားကြောင်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T