ယူကရိန်းနိုင်ငံ မှာ အရှုံးကို ဝက်ဝက်ကွဲ ရင်ဆိုင်နေရတဲ့ ရုရှားသမ္မတ ပူတင်

//s9.kh1.co/6d/6da9103db0b49a98833812a8820e4602a1a64311.jpeg
နေ့စဉ်သတင်းများ

 ၀၆-အောက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဆိုးရွားတဲ့ ရှုံးနိမ့်မှု ကို ရင်ဆိုင်နေရတဲ့ ရုရှား သမ္မတ ဗလာဒီမာပူတင် ဟာ........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ရုရှားနိုင်ငံ ဟာ ယူကရိန်းနိုင်ငံ ကို သိမ်းယူဖို့ကြိုးစားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ နဲ့ ရုရှားနိုင်ငံ အကြား တင်းမာမှုတွေဖြစ်ပွားလာပြီး စစ်ပွဲတွေဖြစ်လာခဲ့တာဟာ လပိုင်းမျှ ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။ အဲ့သလို စစ်ပွဲတွေဖြစ်နေပြီးနောက်မှာတော့ ရုရှားသမ္မတ ဗလာဒီမာပူတင် ဟာ လက်ရှိ ယူကရိန်းမှာ ဆိုးသွမ်းတဲ့ ရှုံးနိမ့်မှု နဲ့ ရင်ဆိုင်နေရကြောင်း သတင်းဌာနများဖော်ပြချက်အရ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် က သိပ်မကြာခင်ကတင်ပဲ နျူကလီးယားလက်နက်များထုတ်သုံးဖို့ ​ထုတ်ဖော်ကြေညာခဲ့ပြီး အခုလိုစစ်ရှုံးနေတာ​ဟာ ရုရှားသမ္မတ ကို နျူကလီးဟားလက်နက် မသုံးသုံးအောင် တွန်းပို့နေတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ ယခု ရက်သတ္တပတ်များအတွင်းမှာဆိုရင် တင်းမာတဲ့ အမျိုးသားရေးဝါဒီများ ၊ Kharkiv ဒေသနှင့် အခြားနေရာများတွင် ကြီးမားသော ရုရှားကို ဆုံးရှုံးမှုများစေတဲ့ ယူကရိန်းရဲ့ ရင်သပ်ရှုမောဖွယ် တန်ပြန်ထိုးစစ်များကြားမှာ ရုရှားစစ်တပ် တပ်မှူးများကို ဒေါသတကြီး ပြစ်တင်ဝေဖန်မှုများ အဆက်မပြတ်ဆိုသလိုပေါ်ထွက်နေပါတယ်။ ဒါဟာ ရုရှားစစ်တပ်အတွက် ကြီးမားတဲ့ပြဿနာဖြစ်နေပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရုရှားအနေနဲ့လည်း အခုလို အခြေအနေနဲ့အရှုံးမျိုးကို မျှော်လင့်ထားဟန်မပေါ်တာ သိသာပါတယ်။ (၂၃)နှစ်ကြာ အာဏာထိန်းထားခဲ့တဲ့ ပူတင် ဟာ ဖေဖော်ဝါရီ (၂၄) ရက်ကျူးကျော်မှုအပြီးမှာ သူတို့ရဲ့ အရှုံးတွေကို အများပြည်သူသိမှာစိုးရိမ်တာကြောင့် လူမှုကွန်ယက်တွေကို ဖြတ်တောက် ပိတ်ဆို့ထားတယ်လို့ လည်း သိရပါတယ်။ ရုရှားနိုင်ငံသား အများအပြား ကလည်း လက်ရှိအခြေအနေကြောင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေကြပါတယ်။ ဒီစစ်ပွဲဟာ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ တကယ်ကို စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T