အိန္ဒိယမှာ မင်္ဂလာဆောင်သွားတဲ့ ဘတ်စ်ကား ချောက်ထဲ ပြုတ်ကျပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံး

//s9.kh1.co/72/72f0c506b6aceb311196ffb0cdd474357b6a2a8d.jpg
နေ့စဉ်သတင်းများ

 ၀၆-အောက်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

အိန္ဒိယမှာ မင်္ဂလာဆောင်သွားတဲ့ ဘတ်စ်ကား ချောက်ထဲ ပြုတ်ကျပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံး


အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မင်္ဂလာဆောင်သွားတဲ့ ဘတ်စ်ကားတစ်စီး လမ်းချော်ကျပြီး ချောက်ထဲထိုးကျမှုကြောင့် အနည်းဆုံး လူ ၃၁ ဦးလောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်ဆိုဘာ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Photo Credit - CNA
Photo Credit - CNA

လူပေါင်း ၅၀ လိုက်ပါလာတဲ့ အဆိုပါ ဘတ်စ်ကားဟာ မင်္ဂလာဆောင်ကို သွားဖို့ Uttarakhand ပြည်နယ်ရှိ သစ္စာမဲ့တောင် အဝေးပြေးလမ်းမကြီးပေါ်မှာမောင်းလာရင်း ကမ်းပါးတစ်ခုအရောက်မှာ ကားဟာ အနည်းဆုံး မီတာ ၅၀၀ လောက်ထိ ချောက်ထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - CNA
Photo Credit - CNA

ကယ်ဆယ်ရေးသမားတွေက နက်ရှိုင်းချောက်အတွင်းကနေ ရုပ်အလောင်း ၃၂ လောင်းကို ဆယ်ယူးရရှိခဲ့ပြီး ဒဏ်ရာရှိသူမှာ ၁၉ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ဟိမဝန္တာတောင်တန်းရဲ့ တစ်စိတ်တစ်ပိုင်းကို လွှမ်းခြုံထားသည့် Uttarakhand မှာ ယာဉ်မတော်တဆမှုများ အဖြစ်များပြီး အဲ့ဒီနေရာဟာ ဘာသာရေး ဘုရားဖူးသူ အမြောက်အများလာရောက်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit - CNA
Photo Credit - CNA

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်ဟာ ယာဉ်အစီးရေ တစ်ရာခိုင်နှုန်းသာရှိပေမယ့် ကမ္ဘာလုံးဆိုင်ရာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေက ၁၁ ရာခိုင်နှုန်းရှိကြောင်း ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ သိရပါတယ်။ အလားတူ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ကားတိုက်မှုကြောင့် သေဆုံးမှု ၁၅၀,၀၀၀ (သို့မဟုတ်) လေးမိနစ်တိုင်းမှာ လူတစ်ဦး ခန့်ရှိကြောင်း ခန့်မှန်းထားကြပါတယ်။

Photo Credit - CNA
Photo Credit - CNA

သတင်း အရင်းအမြစ်Source - CNA


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T