ရေးမြို့နယ်မှာ ရှားပါး ဝေလငါးမန်းတစ်ကောင် သောင်တင်

//s9.kh1.co/2b/2b6834e15ad1a7b2b1bd73ca2ff60f100444a06a.jpg
နေ့စဉ်သတင်းများ

 ၀၅-အောက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ရေးမြို့နယ်မှာ ရှားပါး ဝေလငါးမန်းတစ်ကောင် သောင်တင်


မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အရှည် ၁၂ တောင်ခန့်ရှိ ဝေလငါးမန်းတစ်ကောင် သောင်တင်ခဲ့တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။ အဆိုပါ ငါးမန်းဟာ (Whale Shark) လို့ခေါ်တဲ့ ရှားပါး ဝေလငါးမန်းဖြစ်ပြီး အောက်တိုဘာ ၄ ရက် နေ့လယ် ၁၁နာရီမှာ ရေးမြို့နယ် သဲခုံကျေးရွာအနီးရှိ သဲသောင်ပြင်ပေါ်မှာ လာရောက်သောင်တင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ

ညနေပိုင်းမှာတော့ အဆိုပါ ငါးမန်းကို ဒေသခံများက ဝိုင်းဝန်းကူညီမှုကြောင့် ပင်လယ်အတွင်းသို့ ပြန်လည်ဆွဲပို့ခဲ့တယ်လို့ ဆိုပါတယ်။ တနင်္သာရီ ကမ်းရိုးတန်း‌ဒေသတွေမှာ ဝေလငါးမန်းများဟာ မကြာခဏ သောင်တင်လေ့ရှိတယ်လို့ သိရပါတယ်။

Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ
Photo Credit - CJ

ဝေလငါးမန်းတွေဟာ ကမ္ဘာပေါ်ရှိ နေထိုင်ဖူးသမျှ ငါးမန်းတွေထဲမှာ အကြီးဆုံးငါးလည်း ဖြစ်ပါတယ်။ ဝေလငန်းမန်း အကြီးဆုံး တစ်ကောင်ရဲ့ အရွယ်အစားမှာ ၆၁.၇ ပေ (၁၈.၈ မီတာ) အထိရှိပြီး ပျမ်းမျှအရှည်မှာ ၁၈ ပေမှ ၃၂ ပေ (၅.၅ မှ ၉.၈ မီတာ) ရှိကြပါတယ်။ မေွးကင်းစ ကလေးတစ်ကောင်ဆိုရင် အရှည် ၂၁ လက်မမှ ၂၅ လက်မ (၅၃ မှ ၆၄ စင်တီမီတာ) ထိရှိကြပါတယ်။

သတင်း အရင်းအမြစ်Source - CjPlatform


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T