ယနေ့ စက်တင်ဘာ(၂၇)ရက်နေ့တွင် ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချက်ခွင့်ဥပဒေ ကို ထိုင်းနိုင်ငံ တော်ဝင်ပြန်တမ်းမှ တဆင့် အတည်ပြု ထုတ်ပြန်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ထို တရားဝင်ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေ ဟာ အောက်တိုဘာလ (၂၆) ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလ (၁၂) ပတ် မှ (၂၀) ပတ် ၊ ကိုယ်ဝန်သက်တမ်း (၃) လ မှ (၅) လ အတွင်းရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းအတွက် မိမိမလိုလားတဲ့ကိုယ်ဝန်ဖြစ်ပြီး ဖျက်ချလိုပါက ထိုကိုယ်ဝန်ကို ကျွမ်းကျင်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အကြံပြု ချက်ရယူကာ ကိုယ်ဝန်ဖျက် ချခွင့်ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မှာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မိခင်များ သန်းနဲ့ချီကာရှိပြီး နှစ်စဉ်ကိုယ်ဝန်ဖျက်ချမှုကလည်း (၃)သိန်းခန့်ရှိတာကြောင့် အခုလို ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းအမျိုးသမီးအခွင့်အရေးအဖွဲ့အစည်း က တိုက်ပွဲဝင်လာရတဲ့ဒီအခွင့်အရေးဟာ အတော်လေး အသုံးဝင်သွားပြီဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေ မလိုလားအပ်တဲ့ပြဿနာရပ်တွေမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာအသေအချာပါပဲ။






