iPhone 14 Pro Max ဝယ်ရန် သူမရဲ့Sexyပုံတွေပါတဲ့ ဖုန်းအဟောင်းကို ဆိုရှယ်မီဒီယာမှာ ရောင်းခဲ့တဲ့ ထိုင်းမော်ဒယ်လ်

//s9.kh1.co/0c/0c1a6f70fcf6a097a60c96723c3b541ac467d1c9.jpg
နေ့စဉ်သတင်းများ

 ၂၆-စက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

iPhone 14 Pro Max ဝယ်ဖို့ သူမရဲ့Sexyပုံတွေပါတဲ့ ဖုန်းအဟောင်းကို ဆိုရှယ်မီဒီယာမှာ လေလံတင်ခဲ့တဲ့ ထိုင်းမော်ဒယ်လ်

ထိုင်း Sexy မော်ဒယ်တစ်ဦးက နောက်ဆုံးပေါ် iPhone 14 Pro Max 128GB အသစ်ဝယ်ဖို့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံတွေအပြင် ဗီဒီယိုတွေပါတဲ့ iPhone 12 Pro Max အဟောင်းကို ဆိုရှယ်မီဒီယာမှာ ရောင်းချပြီးနောက် ပရိသတ်တစ်ဦးက ဘတ် ၄ သိန်း စတင်ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/30/3032d326c4d024c479544551e544c53a6ee64cfd.jpg

Kanokyada “Qa-nan” Jitampon လို့ အမည်ရတဲ့ အသက် ၂၆ နှစ်အရွယ် Sexy မော်ဒယ်ဟာ သူမရဲ့ ရုပ်ပုံတွေပါတဲ့ ဖုန်း‌အဟောင်း iPhone 12 Pro Max ကို ပြီးခဲ့ရက်က Facebook ပေါ်မှာ တင်ထားခဲ့ရာမှာ " “iPhone 14 ဝယ်ဖို့ iPhone 12 Pro ကို ပြန်ရောင်းပါမယ်.. ကျွန်မရဲ့ ပုံတွေနဲ့ ဗီဒီယိုတွေ ပါပါတယ်... စျေးနှုန်းညှိနှိုင်းနိုင်တယ်! ဟားဟား။

https://s9.kh1.co/__image/w=650,h=1017,q=100/d0/d0112d6cfc7b4ddd97a3585ecdede8125275b305.jpg

" ဆိုပြီး ရေးသားခဲ့ပါတယ်။သူမတင်ခဲ့ ပို့စ်ဟာ လူမှုကွန်ယက်ပေါ်မှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး Reaction ၆၃,၀၀၀ ၊ Comment ၂,၈၉၀ နဲ့ Share ၁,၈၀၀ လောက် နာရီပိုင်းအတွင်း ရရှိသွားခဲ့ပါတယ်။ Kanokyada ဟာ သူမရဲ့ ဖုန်းအဟောင်းထဲက ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဖျက်မည်မဟုတ်ကြောင်း နှင့် သူမရဲ့ sexy ကျတဲ့ ဓာတ်ပုံတချို့ကို နမူနာအဖြစ် ပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=403,h=537,q=100/4a/4a75b9ab769c0983db0f0137ee8d45bfeea570c6.jpg

ဖုန်းထဲမှာ sexy ပုံ ၃၀,၀၀၀ နီးပါးနှင့် hot video ၄၀၀၀ နီးပါးပါရှိတယ်လို့ ဆိုပါတယ်။နောက်ပိုင်းမှာ Kanokyada က အဆိုပါပို့စ်ကို အပျော်သဘောဖြင့် တင်ခဲ့ကြောင်း ယမန်နေ့က မီဒီယာများသို့ ဝန်ခံခဲ့ပေမယ့် ဈေးနှုန်းနှင့်ပတ်သက်ပြီး Chat Box မှာ ဈေးနှုန်းလာမေးတဲ့ လူ ၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမျိုးသားတစ်ဦးကတော့ ဘတ်ငွေ ၄၀၀၀၀၀ ကမ်းလှမ်းခဲ့ပေမယ့် ဘယ်သူကိုမှ မရောင်းချရသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် လာပေးတဲ့ စျေးနှုန်းကြိုက်ရင်တော့ ရောင်းနိုင်မယ်လို့ Kanokyada က ပြောပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T