မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မယ်ဆိုင်ချောင်းထဲမှာ ချောင်းရေ အဆမတန် မြင့်တက်လာမှုကြောင့် ယနေ့ စက်တင်ဘာ(၂၃)ရက်နေ့ မနက်ပိုင်းက တာချီလိတ်မြို့ ရဲ့ တာလော့စျေးထဲမှာ ရေကြီးမှုများ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံမှတဆင့် သိရပါတယ်။

တာချီလိတ်မြို့ ၊ တာလော့စျေးထဲမှာ ဒီကနေ့ စက်တင်ဘာ(၂၃)ရက်နေ့ မနက်ပိုင်း ဆိုင်ဖွင့်ချိန်က ရေလုံးဝမရှိခဲ့ဘဲ မနက် (၉) နာရီဝန်းကျင်မှသာ ရေတက်လာတာဖြစ်တယ်လို့ ဒေသခံများပြောပြချက်အရ သိရပါတယ်။

ရှမ်းပြည်နယ် ရှိ တာချီလိတ်၊ မိုင်းတုံ၊ နမ့်စမ်၊ ဟိုပုံး၊ တောင်ကြီးနဲ့ ဟဲဟိုးဒေသတွေမှာ သိပ်မကြာခင် စက်တင်ဘာ (၂၈)ရက်နေ့ နဲ့ (၂၉) ရက် နေ့တွေ မိုးကြီးနိုင်မယ့် အခြေအနေရှိနေသေးတာကြောင့် ဂရုစိုက်ဖို့လည်း မှာကြားထားတာဖြစ်ပါတယ်။


