ဟီဂျဘ် ဝတ်ဆင်မှုမမှန်ကန်လို့ဆိုပြီး အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တာကြောင့် အီရန်နိုင်ငံမှာ ဆန္ဒပြမှုများဖြစ်ပွား

//s9.kh1.co/85/856941c241ee71fe402047bc3d4d31909e7fe0b5.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဆန္ဒပြမှုတွေကြောင့် လူ(၆)ဦးသေဆုံးထားပြီဖြစ်ကြောင်း သိရပြီး......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အီရန်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူတို့ရဲ့အထွတ်အထိပ်အလေးအမြတ်ထားရာ ဟီဂျဘ် ကို ဝတ်ဆင်ပုံမှားယွင်းနေတာကြောင့် ရဲတပ်ဖွဲ့က Mahsa Amini အမည်ရ အမျိုးသမီး ကို ရိုက်နှက်ရာမှ သူမ ဟာ ကိုမာ ရောဂါဖြစ်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ Amini ဟာ Tehran ရဲစခန်းတွင် အခြားအမျိုးသမီးများနှင့်အတူ ထိန်းသိမ်းခံရပြီးနောက် မကြာမီ သတိမေ့မျောသွားကာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သူမရဲ့ မိသားစုနှင့် ဆေးရုံမှ သိရှိခဲ့ရပါတယ်။ သူမကို အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် စော်ကားခဲ့တယ်လို့ မိသားစုက စွပ်စွဲထားပေမယ့် ရဲတွေက သူမကို နှိပ်စက်ညှဉ်းပန်းမှုမှာ ငြင်းဆိုခဲ့ပြီး နှလုံးဖောက်ပြန်ခဲ့ကြောင်း သက်သေမပြဘဲ ပြောဆိုခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

အဲ့သလို တာဝန်ယူမှုမရှိတဲ့ ဖြစ်စဉ်ကြောင့် အမျိုးသမီးသေဆုံးခဲ့ရမှုအပေါ် အီရန်နိုင်ငံရှိ အမျိုးသမီးတွေက အမျိုးသမီးတွေကိုဖိနှိပ်ချုပ်ချယ်ခြင်းအတွက် မကျေမနပ်ဖြစ်ကာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေဦးဆောင်တဲ့ နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲများကို အီရန်နိုင်ငံ အာဏာပိုင် တွေက အကြမ်းဖက်ကာ ဖြိုခွင်းနေကြတာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

အီရန်အာဏာပိုင်များ ဟာ ငြိမ်းချမ်းစွာဆန္ဒပြသူအများစုကို ငှက်ပစ်ခြင်း နှင့် အခြားသတ္တုကျည်ဆန်များ ၊ မျက်ရည်ယိုဗုံးများ ၊ မီးသတ်ပိုက်များဖြင့် ရိုက်နှက်ခြင်းအစရှိတဲ့ တရားမ၀င်နည်းလမ်းများဖြင့် လူစုခွဲခဲ့​တာဖြစ်တဲ့အပြင် ဆန္ဒပြသူ ရှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့များက သတ်ုက်တာဖြစ်ပြီး သေဆုံးသူများတွင် အမျိုးသား ခြောက်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။ ဒါတင်သာမက ကလေးငယ်များ အပါအဝင် ရာနှင့်ချီတဲ့ လူပေါင်းများစွာကိုလည်း ပြင်းထန်စွာ ဖမ်းဆီးခဲ့ပြီး ငှက်ကျည်ဆန်များနှင့် အခြားလက်နက်များကြောင့် အဆိုပါလူတွေဟာ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T