အချက်အလက်မှန်ကန်မှုမရှိတဲ့ ဖုန်းဆင်းကဒ်များအား ပိတ်ချသွားမည်

//s9.kh1.co/c5/c5c6cb362b43057d53a2d1f01544e090da88f05b.jpeg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

အချက်အလက်တိကျမှန်ကန်စွာ မှတ်ပုံတင်ထားခြင်းအလျဉ်းမရှိတဲ့.......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အချက်အလက်များ တိကျမှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဖုန်းဆင်းကဒ်များ ကို အကျယ်တဝင့် အသုံးပြုနေတာတွေများပြားလာတာဖြစ်လို့ အသုံးပြုသူ ရဲ့ အချက်အလက်နဲ့ တိကျမှန်ကန်စွာမှတ်ပုံတင်ထားခြင်းမရှိတဲ့ ဖုန်းဆင်းကဒ်များအားလုံးကို အမြန်ဆုံးပိတ်သိမ်းသွားမယ် လို့ ကြေညာချက်ထုတ်ပြန်လာပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အသုံးပြုသူတွေအနေနဲ့လည်း အချက်အလက်အမှန် ကို အမြန်ဆုံး ပြန်လည် ပြုပြင်ကြသင့်ကြောင်း ၊ တကယ်လို့ ပြန်လည် ပြင်ဆင်ခြင်း မရှိခဲ့ဘူးဆိုရင်တော့ အဆိုပါ ဖုန်းဆင်းကဒ်များ အားလုံး ကို အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဖုန်းဆင်းကဒ်တွေမှာ မှတ်ပုံတင်ထားတဲ့အချက်အလက်တွေကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က လဝက ရဲ့ စာရင်းတွေနဲ့ တိုက်စစ်မှာဖြစ်ပြီး အချက်အလက်မမှန်တဲ့ဆင်းကတ်တွေကို အပြီးပိတ်ပစ်ရုံသာမက ဖုန်းငွေလက်ကျန်တွေပါ သိမ်းမယ်လို့ ထုတ်ပြန်လာတာဖြစ်ပြီး ယခု ညွှန်ကြားချက်ကို မလိုက်နာရင်လည်း ဆင်းကဒ်ရောင်းသူတွေနဲ့အတူ ဆက်သွယ်ရေး အော်ပရေတာတွေကိုပါ အထူးအရေးယူသွားမယ်လို့ လည်း ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T