ဘုရင်မကြီးရဲ့ ဈာပနကို ဝင်ရောက်ဂါရဝပြုနိုင်ဖို့ လမ်းပေါ်မှာအိပ်ကာ တန်းစီနေကြတဲ့ လူအုပ်ကြီး

https://s9.kh1.co/11/1160e2ccb2e470f9e71c25097e6e8d69d9b01c55.jpg
နေ့စဉ်သတင်းများ
 19-Sep-2022 1pm · 18 days ago

မြန်မာစံတော်ချိန်အရဆိုရင် ဒီကနေ့ ညနေ(၄)နာရီခွဲမှာ ကျင်းပပြုလုပ်တော့မယ့်....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဆယ်စုနှစ်ပေါင်း (၇) ခုအထိကြာအောင် အင်္ဂလန်နိုင်ငံကြီးကို ဦးဆောင်ခဲ့တဲ့ ကမ္ဘာ့ဩဇာအလွှမ်းမိုးဆုံးအမျိုးသမီးတွေထဲတစ်ဦးပါဝင်တဲ့ အာဂအမျိုးသမီး ဘုရင်မကြီး အယ်လိဇဘက်(၂) ဟာ စက်တင်ဘာ(၈)ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဒီနတ်ရွာစံကွယ်လွန်မှုဟာ တစ်ကမ္ဘာလုံးက ပြည်သူတွေအဖို့အတော်လေးစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒုတိယမြောက် အယ်လိဇဘက် ဘုရင်မကြီးရဲ့ နိုင်ငံတော်ဆိုင်ရာ စျာပနအခမ်းအနားကြီးကိုလည်း ဒီကနေ့ စက်တင်ဘာ(၁၉)ရက်နေ့ ၊ လန်ဒန်မြို့ က ဝက်စ်မင်စတာဘုရားကျောင်းမှာ ဗြိတိန်စံတော်ချိန် မနက် (၁၁) နာရီ (မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

လက်ရှိမှာဆိုရင် ဘုရင်မကြီး ရဲ့ခေါင်းတလားတော် ထားရှိထားတဲ့ ဝက်စ်မင်စတာခန်းမကို လာရောက်ဂါရဝပြုဖို့ ဝင်ပေါက်နားမှာ တန်းစီနေတဲ့ လူတန်းကိုလည်း ဖြတ်လိုက်ပြီဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ ဩဇာလွှမ်းမိုးမှုဟာ ဘယ်လောက်ကြီးမားလဲဆိုရင် ဗြိတိန် ဒေသစံတော်ချိန် မနက် (၁၁) နာရီမှာ ကျင်းပမယ့် စျာပနပွဲအခမ်းအနား မှာ ဝင်ရောက်နိုင်ဖို့ လူထုကြီးက လမ်းပေါ်မှာ ညအိပ်စောင့်ဆိုင်းနေတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း