ထိုင်းစစ်တက္ကသိုလ်မှာ တပ်ကြပ်ကြီးတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် စစ်သား ၂ ဦးသေဆုံး

//s9.kh1.co/7a/7a576b9c30bd406d5eeb6264ef0af1a276af2476.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ထိုင်းစစ်တက္ကသိုလ်မှာ တပ်ကြပ်ကြီးတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် စစ်သား ၂ ဦးသေဆုံး

ဘန်ကောက်မြို့ Dusit ခရိုင်ရှိ Thoddamri လမ်းပေါ်ရှိ တော်ဝင်စစ်တက္ကသိုလ်မှာ စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်လောက်က တပ်ကြပ်ကြီးဆိုသူရဲ့ ပစ်ခတ်မှုကြောင့် စစ်သား (၂) ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ဘက်ရေးရာ အရာရှိတွေနဲ့ ရဲအရာရှိတွေက ပြောကြားခဲ့ကြောင်း ဘန်ကောက်ပိုစ့်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit - Bangkok post
Photo Credit - Bangkok post

သေဆုံးသူစစ်သားနှစ်ဦးဟာ တပ်ကြပ်ကြီး Nopporat Inthasunthorn နှင့် တပ်ကြပ်ကြီး Prakan Sinsong တို့ဖြစ်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သူက တပ်ကြပ်ကြီး Yongyuth Panyanuwat ဖြစ်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်ခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် တပ်ကြပ်ကြီး Yongyuth Mangkonkin က ထိုင်းဘုရင့်တပ်မတော် ပညာရေး အဆောက်အအုံအတွင်း လူ ၁၀ ဦးလောက်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအပြီးမှာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် နံနက် ၁၀ နာရီ ၀န်းကျင်မှာ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit - Bangkok post
Photo Credit - Bangkok post

ဘာ‌ကြောင့် ပစ်ခတ်မှုဖြစ်ပွားရတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ လက်ရှိမှာ စုံစမ်းနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ပစ်ခတ်ခံရသူ ၃ ဦးဟာ ကျူးလွန်သူနဲ့ ရုံးတစ်ရုံးထဲမှာ အလုပ်လုပ်တဲ့ သူတွေ ဖြစ်တယ်လို့ လည်း သိရပါတယ်။ အလားတူ ၂၀၂၀ ခုနှစ်တုန်းကလည်း စစ်သားတစ်ဦးပစ်ခတ်မှုကြောင့် အရပ်သားအပါအဝင် လူ၂၉ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပါလည်း ရှိခဲ့ပါသေးတယ်။

Photo Credit - Bangkok post
Photo Credit - Bangkok post

သတင်း အရင်းအမြစ် Source - Bangkok post

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T