တိုင်းဖွန်းမုန်တိုင်းကြီး Hinnamnor ဟာဒီကနေ့မနက်မှာ ကိုရီးယားရဲ့တောင်ပိုင်းကုန်တွင်းဒေသတွေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး တောင်ပိုင်းရဲ့အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ ဂယောင်းဆန်းခရိုင် ဖိုဟန်မြို့ကိုရေအောက်နစ်မြုပ်စေခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ မုန်တိုင်းဖြတ်ကျော်နိုင်တဲ့မြို့တွေအတွင်း အရေးပေါ်သတိပေးချက်တွေထုတ်ကာ လူတွေကိုဘေးလွတ်ရာပြောင်းရွေးပေးခဲ့ကြပါတယ်။ တိုင်ဖွန်းဟာမြို့ကို ၁၀၀မီလီမီတာ အထက်ရှိတဲ့မိုးတွေယူဆောင်လာခဲ့ပြီး ရေကြီးရေလျှံမှုတွေကိုဖြစ်စေခဲ့ပါတယ်။

မြို့ရဲ့ကမ်းခြေနဲ့နီးတဲ့ ဒေသတွေမှာတော့ ရေအောက်ကိုရောက်ရှိသွားပြီဖြစ်ပြီး ဆိုရှယ်မီဒီယာမှာတက်လာတဲ့ပုံတွေအရ မုန်တိုင်းရဲ့အဖျက်စွမ်းအားကြီးမားမှုကို တွေ့ရနိုင်ပါတယ်။

မုန်တိုင်းကြောင့် မြို့မှာရှိတဲ့ POSCO စတီးလ်စက်ရုံမှာ မီးလောင်နေကြောင်းလည်းသိရပါတယ်။ လက်ရှိတိုက်ခတ်နေတဲ့မုန်တိုင်းဟာ တောင်ကိုရီးယားသမိုင်းတစ်လျှောက် အပြင်းဆုံးမုန်တိုင်းလို့လည်း သိရပြီး အခုဖြစ်နေတဲ့သဘာဝဘေးကတော့ တောင်ကိုရီးယားအတွက် ဒုတိယမြောက်ကြုံရတဲ့ သဘာဝဘေးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း မြို့တော်ဆိုးလ်မှာ ရေကြီးမှုကြီးဖြစ်ခဲ့ပြီး လူပေါင်းများစွာရေဘေးနဲ့ကြုံခဲ့ရပါသေးတယ်။
Photos-credit
Source: KBIZoom





