ယခု စက်တင်ဘာလ အတွက် ဘတ်(၆)သန်းတန် နှစ်စောင်တွဲ ထိုင်းထီဆုကြီး ကို ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ဇနီးမောင်နှံနှစ်ဦး က စွတ်ခူးရရှိသွားတယ်လို့ ထိုင်းနိုင်ငံမှတဆင့် သိရပါတယ်။

အဆိုပါ ထိုင်းထီဆုကြီး ဟာ ဘတ်သိန်း (၁၂၀) တန်ကြေးရှိပြီး စက်တင်ဘာ (၁) ရက်နေ့က ဖွင့်လှစ်တဲ့ ထိုင်းထီဖွင့်ပွဲမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သား ဇနီးမောင်နှံက ကံထူးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အခုအခါ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို ကူညီပေးနေတဲ့အဖွဲ့ ထံ ဆုငွေလာရောက်ထုတ်ယူပါရန် ဆက်သွယ်အကူအညီတောင်းထားပြီး ထိုင်းနိုင်ငံနေ မြန်မာပြည်သူအချို့ကလည်း မပေါက်တာကြာတဲ့ ထိုင်းထီဆုကြီးကို မြန်မာပြည်သူက ရခဲ့တဲ့အတွက်ဝမ်းသာနေကြပါတယ်။






