နိုင်ငံတကာ စီးပွားရေးအခြေအနေကြောင့်သော်လည်းကောင်း ၊ အမေရိကန်နိုင်ငံ ဗဟိုဘဏ်ကြောင့် သော်လည်းကောင်း ၊ ပြည်တွင်းစီးပွားရေးစျေးကွက်မှာ ရွှေတစ်ကျပ်သားကို ငွေကျပ်သိန်း (၃၀) နှင့် (၅)သောင်းကျပ်အထိ စျေးမြင့်တက်သွားပြီး ရွှေကို ဝယ်လို့တောင် မရတော့ကြောင်း သိရပါတယ်။

အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင် ငွေ (၃၅၅၀) ကျပ် အထိ စျေးရောက်ရှိသွားပြီး ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း၊ တစ်ဒေါ်လာလျှင် (၅၀၀၀)ကျပ်အထိ တက်နိုင်ကြောင်း ကျွမ်းကျင်သူများရဲ့ သုံးသပ်ချက်အရ သိရပါတယ်။

လတ်တလောမှာ ရွှေနှင့် ဒေါ်လာစျေးကွက်အတွင်း အဖမ်းအဆီးများနေတာကြောင့် အချင်းချင်း ယုံကြည်မှု ၊ နားလည်မှု ဖြင့်သာ ချိတ်ဆက် ဝယ်ရောင်းလုပ်နေရကြောင်းကိုလည်း ပြည်သူများထံမှ တဆင့်သိရပါတယ်။






