ပြီးခဲ့တဲ့ ရက်ပိုင်းက အင်္ဂလိပ်ရေလက်ကြားအောက်ရှိ ဥမင်လိုဏ်ခေါင်းထဲမှာ ရထားတစ်စင်း ရပ်တန့်သွားခဲ့တာကြောင့် ခရီးသည်များဟာ ၅ နာရီနီးပါးလောက် ဥမင်အတွင်း ပိတ်ပိနေခဲ့တယ်လို့ သိရပါတယ်။ ယူကေနှင့် ပြင်သစ် ကိုပြေးဆွဲနေတဲ့ Eurotunnel ရထားတစ်စင်းဟာ သြဂုတ်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်မှာ ဥမင်လိုဏ်ခေါင်းထဲ ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့တာပါ။


ခရီးသည်များကတော့ ငါးနာရီနီးပါးကြာ ဥမင်အတွင်း ပိတ်မိနေခဲ့တာကြောင့် ကြောက်လန့်ခဲ့ကြပြီး ငိုတဲ့သူကငို ၊ ရယ်တဲ့သူက ရယ် ဖြစ်ခဲ့ကြပါတယ်။ နောက်တော့ ခရီးသည်များဟာ ရထားမှထွက်ခွာကာ အရေးပေါ်ဥမင်လိုဏ်ခေါင်းမှတဆင့် အခြားလာခေါ်မဲ့ရထားဆီသို့ ၁၀-၁၅ မိနစ်ခန့် လမ်းလျှောက်ခဲ့ကြရပါတယ်။ ည ၇ နာရီလောက်မှာတော့ အင်္ဂလန်နိုင်ငံ၊ Falkstone ဘူတာသို့ နောက်ထပ်ရထားတစ်စင်းစီးရောက်ရှိလာခဲ့ပြီး ဉမင်အတွင်း သောင်တင်ခဲ့တဲ့ ခရီးသည် ၄၀၀ နီးပါးလောက်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဥမင်လိုဏ်ခေါင်းက ပင်လယ်အောက် မီတာ ၇၀ အနက်မှာရှိပြီး မိုင်ပေါင်း ၃၁ မိုင်ရှည်လျားတယ်လို့ သိရပါတယ်။ တာဝန်ရှိသူများကတော့ ဥမင်လိုဏ်ခေါင်းအတွင်း ရထားရပ်တန့်သွားရခြင်း အကြောင်းအရင်းကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေအရ ခရီးသည်များက ရထားကနေ စွန့်ခွာပြီး ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်းအတွင်းမှာ တန်းစီပြီး လမ်းလျှောက်သွားကြတာကို တွေ့မြင်ရပါတယ်။

သတင်း အရင်းအမြစ်៖ Source - dw





