ပင်လယ်စာစားရင်း အနည်းဆုံး မြန်မာငွေ သိန်း(၇)ထောင် တန်ဖိုးရှိ ရှားပါး ပုလဲတစ်လုံးရရှိခဲ့တဲ့ ထိုင်းစုံတွဲ

//s9.kh1.co/17/17a077e9b4534a57fc7144709145469a3501b035.jpg
နေ့စဉ်သတင်းများ

 ၂၅-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ပင်လယ်စာစားရင်း အနည်းဆုံး မြန်မာငွေ သိန်း(၇)ထောင် တန်ဖိုးရှိ ရှားပါး ပုလဲတစ်လုံးရရှိခဲ့တဲ့ ထိုင်းစုံတွဲ

ထိုင်းနိုင်ငံက စုံတွဲတစ်တွဲဟာ စားသောက်ဆိုင်မှာ ပင်လယ်စာစားနေရင်း ဘတ် ၁ သန်းကျော်တန်ဖိုးရှိတဲ့ ရှားပါးပုလဲတစ်လုံးကို ရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်း ဗီဒီယာများက ဖော်ပြလာခဲ့ပါတယ်။ Sittidate Chaiwan ဆိုသူက ၎င်းရဲ့ ချစ်သူ အသက် ၂၇ နှစ်အရွယ် Patjariya Gatip ရဲ့ မွေးနေ့ပွဲအနေနဲ့ သြဂုတ်လ ၁၁ ရက် ၊ ကြာသပတေးနေ့က မြောက်ပိုင်း Payao ပြည်နယ်ရှိ BBQ စားသောက်ဆိုင်မှာ သွားရောက်စားသောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo Credit - thethaiger
Photo Credit - thethaiger

Patjariya ဆိုသူက Babylon ခရုအကင်စားနေရင်း သေးငယ်တဲ့ အရာတစ်ခုကို ဝါးမိသွားခဲ့လို့ အပြင်ကို ထွေးထုတ်ခဲ့ပါတယ်။ ထွေးထုတ်ခဲ့တဲ့ အရာက ပုလဲနှင့်တူတဲ့ လိမ္မော်ရောင်ကျောက်တုံးငယ်တစ်တုံးဖြစ်နေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီကျောက်တုံးငယ်ဟာ Melo ပုလဲနှင့် ဆင်တူတာကြောင့် သူတို့ဇနီးမောင်နှံနှင့် အတူထမင်းစားနေကြတဲ့ သူငယ်ချင်းက သူတို့ကို သန်းကြွယ်သူဌေး ဖြစ်ရင်ဖြစ်လာနိုင်တယ်လို့တောင် ဟာသနှောပြီး အရွှန်းဖောက်ပြောဆိုခဲ့ပါသေးတယ်။

Photo Credit - From Google
Photo Credit - From Google

နောက်တော့ Sittidate က ကျောက်တုံးနှင့်ပတ်သက်သည့် အချက်အလက်များကို အင်တာနက်ပေါ်မှာ ရိုက်ရှာဖွေခဲ့ရာမှာ ဘတ်ငွေ ၁ သန်းကျော် တန်ဖိုးရှိသည့် Melo ပုလဲအစစ်ဖြစ်ကြောင်း တွေ့ရှိလိုက်ရလို့ သူတော်တော်‌လေး အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဩဂုတ် ၁၉ ရက်နေ့မှာတော့ အဆိုပါ ပုလဲကို ချင်းမိုင်စမ်းသပ်ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ရာမှာ ကျောက်ဟာ အမှန်တကယ် Melo ပုလဲဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ အဆိုပါ Melo ပုလဲဟာ အရှားပါးဆုံးနှင့် စျေးအကြီးဆုံးပုလဲများထဲမှ တစ်ခုဖြစ်ပြီး ခရုခွံတစ်ထောင်မှာ တစ်လုံးသာ တွေ့ရှိနိုင်တာပါ။

Photo Credit - From Google
Photo Credit - From Google

Melo ပုလဲကို ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်တွင် ဗီယက်နမ်၊ မြန်မာနိုင်ငံ၊ ထိုင်းပင်လယ်ကွေ့နှင့် ကမ္ဘောဒီးယားပင်လယ်ကွေ့တို့မှာ တွေ့ရှိရနိုင်ပါတယ်။ အဆိုပါ Melo ပုလဲရဲ့ တစ်လုံးစျေးနှုန်းက ယခုပေါက်စျေးနဲ့ဆို US$200,000 မှ US$250,000 (သို့မဟုတ်) ဘတ် 6 မှ 7.5 million ကြားထိရှိပါတယ်။ Melo ပုလဲများဟာ အဝါဖျော့ဖျော့မှ လိမ္မော်ရောင်အထိ ကွဲပြားတဲ့ အရောင်များရှိပြီး အဲ့ဒီထဲမှာ လိမ္မော်ရောင်ပုလဲက စျေးအကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - thethaiger

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T