မြန်မာနိုင်ငံ မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ငွေသားတွေကို အသုံးပြုနိုင်ရုံသာမက Mobile Banking ကိုလည်း အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် Wave , Kbz Pay , Aya Pay အစရှိတဲ့ Mobile Banking တွေဟာ ပြည်သူများအကြား လူသုံးများတဲ့ အရာတွေဖြစ်လာပါတယ်။

အဲ့သလို လူသုံးများတဲ့အတွက်ကြောင့် ထို Wave , Kbz Pay တို့ကို အသုံးပြုကာ လိမ်လည်မှုများလည်း ပြုလုပ်တာတွေ ခေတ်စားလာပါတယ်။ လိမ်လည်မှုနဲ့ ပတ်သက်ရင် အသုံးအများဆုံးဖြစ်တဲ့ Wave နဲ့ Kbz Pay ဟာ နာမည်ကြီးပါပဲ။

အခုအခါမှာ Wave နဲ့ Kbz Pay တို့ကို Level 1 အဆင့် အနေနဲ့ အသုံးပြုမှုကို သိပ်မကြာခင် စက်တင်ဘာ(၁၃)ရက်နေ့အပြီး ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ Level 1 အဆင့်အသုံးပြုသူ အများစုဟာ လိမ်လည်မှုတွေကိုအများဆုံးကျူးလွန်နိုင်သူတွေဖြစ်တယ် လို့လည်း သိရသလို ဒီသတင်းဟာ အမှန်ဖြစ်လာမလားဆိုတာကတော့အင်မတန်စိတ်ဝင်စားစရာပါပဲ။






