အမေရိကန် ၊ တက္ကဆက်ပြည်နယ်မှာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားပြီး မြစ်ရေခန်းခြောက်ပြီးနောက် ဒိုင်နိုဆောရဲ့ ခြေရာများကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရေခန်းခြောက်သွားတဲ့ မြစ်ဟာ Dinosaur Valley State ပန်းခြံအတွင်း Dallas ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုးရွားတဲ့ မိုးခေါင်ရေရှားမှုကြောင့် မြစ်တစ်စင်းလုံးခန်းခြောက်သွားခဲ့ပြီး ဒိုင်နိုဆောရဲ့ ခြေရာလို့ ယူဆရတဲ့ လမ်းကြောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ပန်းခြံရဲ့ စာနယ်ဇင်းရုံးမှ Stephanie Salinas Garcia ကတော့ "သာမန်မြစ်အခြေအနေအရ၊ ဒီလမ်းကြောင်းသစ်တွေဟာ ရေအောက်မှာရှိပြီး အများအားဖြင့် အနည်အနှစ်တွေနဲ့ ပြည့်နေတာကြောင့် မမြင်နိုင်လောက်အောင် မြုပ်နေတာ”လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ဒီပန်းခြံမှာ နှစ်သန်းပေါင်း ၁၁၃ လောက်က Acrocanthosaurus လို့ခေါ်တဲ့ ဒိုင်နိုဆောများကျက်စားနေထိုင်ခဲ့ကြတာဖြစ်ပြီး သူတို့ အရွယ်ရောက်ပြီးသူတိုင်းဟာ အရပ် ၁၅ ပေခန့်၊ ကိုယ်အလေးချိန် ၇ တန်နီးပါရှိနိုင်တယ်လို့ ဆိုပါတယ်။


နောက်ထပ် ဒိုင်နိုဆောမျိုးစိတ်ဝင်ဖြစ်တဲ့ Sauroposeidon ကတော့ အမြင့် ၆၀ ခန့် ၊ ၄၄ တန်ခန့်ရှိနိုင်မယ်လို့ ဆိုကြပါတယ်။ ယခုပန်းခြံထဲက တွေ့ရှိခဲ့တဲ့ ဒိုင်နိုဆောခြေရာကို နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်လေ့လာ နိုင်ရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သိရပါတယ်။



သတင်း အရင်းအမြစ်៖ Source - CSB News