ပုရွက်ဆိတ် ကိုက်ခံရပြီး သတိလစ်ကာဆေးရုံတင်ခဲ့ရတဲ့ နမ့်ဆန်က အမျိုးသမီးတစ်ဦး

//s9.kh1.co/00/004b6435109dc0e585e4b8751c9064d68903692a.jpg
နေ့စဉ်သတင်းများ

 ၂၃-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

ဟင်းခြံထဲသွားရင်း ပုရွက်ဆိတ်ကိုက်ခံရရာမှ သတိလစ်သွားကာ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တအောင်း ပလောင်ဒေသ ၊ နမ့်ဆန်မြို့နယ် ရဲ့ မြို့လယ်ရပ်ကွက် ရှိ အောင်သပြေရပ် မှာ နေထိုင်တဲ့ အသက် (၅၀)နှစ် ဝန်းကျင် အမျိုးသမီးတစ်ဦးဟာ ဩဂုတ်(၁၉)ရက်နေ့ နေ့လယ်ပိုင်းက ဟင်းခြံထဲသွားရင်း ပုရွက်ဆိတ် ကိုက်ခံရလို့ သတိလစ်ပြီး ဆေးရုံ တင်ထားရတယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ပုရွက်ဆိတ် ကိုက်ခံရပြီး သတိလစ်သွားတာရခြင်းဟာ ပုရွက်ဆိတ်ရဲ့ အဆိပ်ကြောင့်မဟုတ်ဘဲ အဆိုပါအမျိုးသမီးဟာ လူ တစ်ထောင်မှာ တစ်ဦး​လောက်သာရှိတတ်တဲ့ သွေးအမျိုးအစား ရှိနေတာဖြစ်တယ်လို့သိရပါတယ်။ ၎င်းကဲ့သို့ သွေးအမျိုးအစားရှိတဲ့သူဟာ ဘယ်လိုအကောင်မျိုးမှ ကိုက်ခံလို့မရဘဲ ကိုက်ခံရတာနဲ့ သွေးပေါင်ချိန် ကျသွားပြီးတော့ ချက်ချင်းမူးလဲသွားနိုင်တဲ့ သွေးအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ပုရွက်ဆိတ် ကိုက်ခံရတဲ့ အမျိုးသမီးလူနာကို ဆေးရုံသို့ အချိန်မှီ ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် အသက်အန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံ၊ ဆေးခန်းအချိန်မှီ မပို့နိုင်ရင် အသက်ဆုံးရှုံးသွားနိုင်တယ်လို့ သိရပါတယ်။ လူနာကို ဆေးရုံလိုက်ပါ ပို့ဆောင်ပေးသူပြောလာတာက ဒါမျိုးသွေးဟာ လူတစ်ထောင်မှာ တစ်ယောက်လောက်မှာပဲ ရှိတတ်တဲ့ သွေးအမျိုးအစားဖြစ်တာကြောင့် ပျား ၊ ပုတုန်း ၊ ပုရွက်ဆိတ် အစရှိတဲ့အကောင် မည်သို့သောအကောင်မှ အကိုက်ခံလို့ မရကြောင်း ၊ တစ်ကောင်လောက် အကိုက်ခံရတာနဲ့ လူက သွေးပေါင်ချိန် တအားကျသွားပြီး ချက်ချင်း မူးမေ့သတိလစ်သွားနိုင်ကြောင်း ပြောပြလာပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T