အစ္စလာမ္မစ်စစ်သွေးကြွများဟာ ဆိုမာလီယာနိုင်ငံ မြို့တော်ရှိ ဟိုတယ်တစ်ခုကို ဝင်တိုက်ရာမှာ လုံခြုံရေးတပ်ဖွဲ့များနှင့် နာရီပေါင်းများစွာကြာ ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်သက်သေများရဲ့ ပြောကြားချက်အရ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာဟိုတယ်နေရာမှ ကလေးငယ်များ အပါအဝင် အခြားအများအပြားကို ကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။


သေနတ်သမားတွေက အဆောက်အဦထဲကို မ၀င်ခင် ဟိုတယ်အပြင်ဘက်မှာ ဖောက်ခွဲမှုတွေနဲ့ စတင်တိုက်ခိုက်ခဲ့တာပါ။ပြီးတော့ တိုက်ခိုက်မှုစတင်ပြီးနောက် ၂၄ နာရီနီးပါးကြာခဲ့ကာ ဆိုမာလီတပ်ဖွဲ့များက ဟိုတယ်ကို ဝိုင်းထားခဲ့ကြပါတယ်။ ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်မှာလည်း နောက်ဆုံးသေနတ်သမားလို့ ယူဆရတဲ့ သူကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးနိုင်ခဲ့သော်လည်း စနေနေ့ညနေပိုင်းမှာ သေနတ်သံများကြားနေရဆဲလို့ သိရပါတယ်။


အယ်လ်ကိုင်းဒါးနှင့် ဆက်နွှယ်နေသည့် အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ အယ်လ်ရှာဘတ်က အဆိုပါ တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆိုမာလီယာခေါင်းဆောင်သစ် Hassan Sheikh Mohamud က မေလက တာဝန်ယူပြီးနောက်ပိုင်း မိုဂါဒစ်ရှူးရှိ ဟိုတယ်ကို တိုက်ခိုက်မှုဟာ ပထမဆုံး အကြမ်းဖက် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - ABC NEWS